မိုင်းနောင် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် ပြည်သူများ သတင်းအချက်အလက်များ မှန်ကန်စွာသိရှိပြီး အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်ပြဘုတ်တွင် နံရံကပ်စာစောင် များ ကပ်ထားပြသပေးလျက် ရှိသည်။
နံရံကပ်စာစောင်တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး ပိုစတာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ၊ ပြည်သူလူထုများ သိထားသင့်သော သက်ကြီးဘိုးဘွားထောက်ပံ့ကြေးနှင့် ပတ်သက်သည့် နှိုးဆော်ချက်များကို ဖော်ပြပေးထားသည်။
ကိုဗစ်-၁၉ ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရေး စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အသိပညာပေး လုပ်ငန်းများကို Online များမှလည်းကောင်း၊ မြေစိုက်နံရံကပ်ပြဘုတ်များမှလည်းကောင်း ပြသ၍ ဆောင်ရွက်နေပါကြောင်း သိရသည်။
မိုင်းနောင် (ပြန်/ဆက်)