ရေးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့အကြို လူထုလှုပ်ရှားမှု ဆောင်ရွက်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ရေးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့တွင် ကျရောက်မည့်

နောင်မွန်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးပြုလုပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ အစည်းအဝေးကို ယမန်နေ့ မွန်းတည့်(၁၂)နာရီချိန်ခန့်က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ကျိုက်မ​​ရောမြို့နယ်တွင် ​အောက်တိုဘာ ၁၁ ရက်​နေ့ထိ မဲစာရင်း လာ​ရောက် ကြည့်ရှုသူ လေးသောင်း​ကျော်ရှိ

မွန်ပြည်နယ် ကျိုက်မ​ရောမြို့ နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ ရွေး​ကောက်ပွဲကျင်းပရန်အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ​အောက်တိုဘာ ၁ ရက် မှ စတင်ကပ်ထား​ ကြေညာထား​ရာ ​ အောက်တိုဘာ ၁၁ ရက် ​ ည​နေပိုင်းထိ မဲစာရင်း လာ ရောက် ကြည့်ရှုသူမဲဆန္ဒရှင်​ပေါင်း လေးသောင်း​​ကျော်ရှိ​ကြောင်း မြို့နယ်​ရွေး​ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတာဝန်ရှိသူထံမှသိရသည်။

ဆောမြို့၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စတင်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ယမန်နေ့မှ စတင်၍ Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စတင် စစ်ဆေးကြောင်း သိရသည်။

အောင်လံမြို့၌ Stay at Home ကာလအတွင်း သံဃာတော်များ ဆွမ်း အခက်အခဲမရှိစေရန် ဆွမ်းဆန် (၃၇) အိတ်နှင့် ဆီ (၁၁၅) ပိဿာတို့အား လှူဒါန်း

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ Stay at Home ကာလအတွင်းသံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရန် ဆွမ်းဆန်(၃၇)အိတ်နှင့် ဆီ(၁၁၅) ပိဿာတို့အား လှူဒါန်းမှုကို ယမန်နေ့ညနေ(၄)နာရီ က မြို့ပေါ်(၉)ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း(၁၅)တို့တွင် သွားရောက်လှူဒါန်းမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန့်နေ့ နံနက်(၁၀)နာရီကကျင်းပခဲ့ရာ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သရက်ခရိုင်အတွင်းမှ မြို့နယ် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

ချီဖွေမြို့နယ်၌ အထူးရဲ သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးနှင့် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ သင်တန်းသားများအား ကိုဗစ်-၁၉ ရောပိုးရှိ/မရှိကို Covid-19 Antigen Test Kit ဖြင့် မြို့မရဲစခန်း၌ ယမန်နေ့ နံနက်(၈)နာရီခွဲက စစ်ဆေးခဲ့သည်။

မင်းဘူးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး မြေစိုက်ဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းများနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများပြသ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်း စရာများနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ပြသပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အွန်လိုင်း တင်ဆက်မှု အစီအစဉ်ဆောင်ရွက်

ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် တစ်ရပ်ကို အွန်လိုင်းလွှင့်တင် အသိပညာပေးနိုင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တို့ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲ၁နာရီခန့်က

ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် ပစ္စည်းများကို မြို့မိမြို့ဖများက လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် မြို့မိမြို့ဖများက ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ နေ့စဉ်အလှူငွေများ လှူဒါန်းလျက် ရှိပါသည်။
Subscribe to