၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

လားရှိုး  အောက်တိုဘာ  ၁၃

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား   ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန် က လားရှိုးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ(၁၅၀)ဦးနှင့် အရန်(၃)ဦး စုစုပေါင်း (၁၅၃)ဦးအား Repid Test Kit  ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးခြင်းကို လားရှိုးမြို့နယ်၊ ဒု-မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဖြိုးသီဟနိုင်  နှင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးပေးခဲ့ခြင်းဖြစ်သည်။

ယနေ့စစ်ဆေးပေးသော အထူးရဲသင်တန်းသားများမှာ လားရှိုးမြို့နယ်အတွင်းရှိ မဲရုံပေါင်း (၁၅၀) တွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပြီး အထူးရဲ (၁၅၃)ဦး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရကြောင်း ဒေါက်တာဖြိုးသီဟနိုင် ထံမှ သိရသည်။

စိုင်းထွန်း (ပြည်နယ်၊ပြန်/ဆက်)