မိုင်းယုမြို့၌ မိဘ/အုပ်ထိန်းသူတို့၏ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ နံရံကပ်စာစောင် ပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မီဒီယာနှင့် သတင်းအချက်အလက်များ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူတို့၏ အတတ်ပညာဆိုင်ရာ မှန်ကန်စွာ သိရှိပြီး အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ မြို့ဝင်လမ်းဆုံတွင် ယနေ့ နံနက်ပိုင်းက နံရံကပ်စာစောင်ပြသပေးခြင်း ဆောင်ရွက်ခဲ့သည်။

မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသ

မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ရုံးပြည်သူ့စာ ကြည့်တိုက်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန် က ဆောင်ရွက်ခဲ့သည်။

ဆီဆိုင်မြို့နယ်၌ မဲရုံပေါင်း ၉၃ ရုံ ထားရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲရုံ ၉၃ ရုံဖြင့် ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မှ သိရ သည်။

နတ်မောက်မြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အလှူငွေနှင့် ဆေးရုံသုံးပစ္စည်း လာရောက်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေနှင့် ဆေးရုံသုံးပစ္စည်များ ကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ လမ်းတံတားအထူးအဖွဲ့(၅) ဆိပ်ဖြူမှ လာရောက်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ အိမ်ထောင်စု ၁၇၀ကျော်အား ပဉ္စမအကြိမ် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ ပေးအပ်

မိတ္ထီလာ၊ အောက်တိုဘာလ ၁၃

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ အိမ်ထောင်စု ၁၇၀ ကျော်အား ပဉ္စမအကြိမ် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ပေးအပ်ပွဲကို ယမန်နေ့ နံနက်က တဲကြီးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များ အသိပညာပေး မြေစိုက်နံရံကပ်ပြုလုပ်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက် များ အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်ကို ယနေ့နံနက်ပိုင်းက မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ၊ မရှိ နေ့၊ ညမပျက် စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းတွင် လွိုင်ကော်မြို့ ဒေါဥခူမီးပွိုင့်နှင့် ညပိုင်းတွင် မြို့လယ်နာရီစင်တို့၌ ဆောင်ရွက်ခဲ့ သည်။

အင်းစိန်မြို့နယ်၌ Stay at Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူများ မလိုလားအပ်ဘဲ သွားလာ ခြင်း မရှိစေရေးအတွက်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ Stay at Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူများ မလိုလားအပ်ဘဲ သွားလာခြင်းမရှိစေရေးအတွက် အဖွဲ့စုံဖြင့်စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က (၁၄)လမ်းဆုံအနီး ရွှေပြည်သာတံတားအဆင်းတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းပြီး စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့ မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ တစ်ဦးအား ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကြပ်မတ်ကုသ

ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးအား အောက်တို ဘာလ ၁၂ရက်နေ့ ညနေပိုင်းက ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံကြီး၊ သီးသန့်ဆောင် တွင် အထူးကြပ်မတ် ဆေးဝါးကုသမှုခံယူ လျက်ရှိကြောင်း ကော့သောင်းခရိုင် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဟားခါးမြို့၌ နေအိမ်တစ်လုံး မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု ၂ စုအတွက် ထောက်ပံ့ပေးအပ်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က အိမ်ရှင် ဆရာငွန်လျန်၊ အထက်တန်းပြ(ငြိမ်း) အိမ်ငှား ဒေါ်ရွှေသင်း နေအိမ် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ် အပေါ်ထပ်တွင် TV ဖွင့်ထားရာမှ ပလပ်ခေါင်း အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်နစ်နာသည့် အိမ်ထောင်စု ၂ စုအား အောက်တိုဘာ ၁၂ ရက်နေ့က ချင်းပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးရာလ်ခမ်းနှင့် တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်၍ လုပ်ငန်းစဉ်(၃)ရပ်နှင့်အညီ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to