ပြည်ကြီးမဏ္ဍိုင် အောက်တိုဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိရပ်ကွက်၊ ကျေးရွာရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်ပြည်သူများ ဆန္ဒမဲပေးရန်အတွက် ဒုတိယအကြိမ်မဲဆန္ဒရှင် စာရင်းကပ်ထားကြေငြာထားရှိမှုများနှင့် မဲရုံနေရာပြင်ဆင်ထား ရှိမှုများကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်နှင့် တာဝန်ရှိသူများမှယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်ကြီးမဏ္ဍိုင်မြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင် ဦးမြင့်အေးနှင့် တာဝန်ရှိသူများက လေညာရပ်ကွက်၊ မနိုးရုံးအုပ်စု၊ ကော့ဘွတ်အုပ်စုနှင့် ချောင်းကဖက်အုပ်စုများရှိရွေးကောက်ပွဲ ကော်မရှင်ရုံး များတွင် ကပ်ပြထားသည့် မဲဆန္ဒရှင်စာရင်းအားကြည့်ရှုစစ်ဆေးပြီး မဲစာရင်းတွင် အမည် မပါဝင်သူများ၊ ကိုယ်ရေး အချက်အလက်မှားယွင်းနေမှုများနှင့် မပါဝင်သင့်သူများ ပါဝင်နေမှုများအား အချိန်မှီပြင်ဆင်ဆောင် ရွက်သွားကြရန်၊ မဲရုံတည်နေရာပြင်ဆင်ထားရှိမှု အခြေအနေများအား ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့်ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်မှုရှိ/မရှိ စစ်ဆေးခဲ့သည်။ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၇)အုပ်စု၌မဲရုံပေါင်း( ၂၄) ရုံရှိကြောင်းသိ ရသည်။
မျိုးလွင်(ပြန်/ဆက်)