ဆိပ်ဖြူမြို့နယ်၌ အထူးရဲတပ်ဖွဲ့ဝင်များ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ ဝင်များကို ကိုဗစ်-၁၉ရောဂါ ကူးဆက်မှုမရှိစေရန် ကျန်းမာရေးအသိပညာပေးပြောကြားခြင်းနှင့် ကိုဗစ်-၁၉၊ (RDT) Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက အနောက်ပိုင်းရပ်ကွက် မူလတန်းကျောင်း တွင်ပြုလုပ်သည်။

သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူ (၄၆)ဦး၏ Swab နမူနာများ ရယူ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၄၆)ဦး၏ Swab နမူနာများအား (၂၁)ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယနေ့ နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရ သည်။

ကျိုက်ထိုမြို့နယ် ပြည်သူ့စာကြည့်တိုက် မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံလွှာများ ပြသ

မွန်ပြည်နယ်၊သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်တားဆီး နိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကပ်ထားပြသလျက်ရှိသည်။

သန်လျင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဈေးများ၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask မတပ်ဆင်သူများအား အရေးယူမှုများ ဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဈေးများအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိမရှိစစ်ဆေးခြင်းနှင့် Mask တပ်ဆင်မှုမရှိသူများကို အရေးယူခြင်းများအား ယမန်နေ့ နံနက် ၇ နာရီက မြို့မဈေး၊ မြို့ဟောင်းဈေးနှင့် အောင်ချမ်းသာဈေးများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်ဓါတ်အားတိုးတက်ရရှိလာသော ကရင်ပြည်နယ်

ကရင်ပြည်နယ်တွင် ယခင်က နိုင်ငံတော်ဓါတ်အားစနစ်ဖြင့်မီးလင်းသည့် မြို့(၅)မြို့သာရှိခဲ့ရာမှ ပြည်သူ့အစိုးရ စတင်တာဝန်ယူချိန် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ယနေ့ထိ ပြည်နယ်အတွင်း မြို့ပေါင်း (၁၂)မြို့ထိ တိုးချဲ့ဓါတ်အားဖြန့်ဖြူးပေးနိုင် ခဲ့ပြီး ကျေးရွာပေါင်း ၂၀၉၇ ရွာရှိသည့်အနက် ဓါတ်အား စနစ်ဖြင့် မီးလင်းသည့်ကျေးရွာ(၅၆၉)ရွာ၊ အခြားနည်းလမ်းဖြင့် မီးလင်းသည့် ကျေးရွာ(၅၂၃)ရွာ စုစုပေါင်း ကျေးရွာ ၁၀၉၂ ရွာကို ဓါတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ရာ ကျေးရွာများ၏ ၅၂ ဒသမ ၀၇ ရာခိုင်နှုန်း မီးလင်းနေပြီ ဖြစ်သည်။

မော်လမြိုင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း သည် မော်လမြိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းစစ်ဆေးခြင်းများကို ဂွေးကုန်း ကျေးရွာအုပ်စု၊ ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်၍ ယမန်နေ့နေ့လယ်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၄)ရပ်ကွက်၌ လိုအပ်လျက်ရှိသည့် လူနာတင်ယာဉ် ဝယ်ယူရန်အတွက် မတည်အလှူငွေသိန်း(၃၀)လာရောက် လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အမှတ်(၁၄) ရပ်ကွက် ပြည်သူများအတွက် လိုအပ်လျက်ရှိသော လူနာတင်ယာဉ် ဝယ်ယူရန်အတွက် မတည် အလှူငွေ သိန်း(၃၀)ကို ယမန်နေ့ ညနေပိုင်းက သမြားနီဆေးတိုက် ဦးသံနိုင် မိသားစုမှ လာရောက် လှူဒါန်းခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အိမ်ခြံမြေပရဟိတအသင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ပျံနှံ့မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါ ရှိသူများနှင့် ဆက်စပ်မှုရှိသူများ ထားရှိသည့် Quarantine Centre များတွင် Quarantine ဝင်ရောက်သူများနှင့် Volunteer များ အသုံးပြုနိုင်ရန် ယမန်နေ့ မွန်းလွဲပိုင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အိမ်ခြံမြေပရဟိတအသင်းဥက္ကဋ္ဌ ဦးအောင်ကျော်မျိုး ဦးဆောင်သော အဖွဲ့ဝင်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to