ရွှေဘိုမြို့လူမှုဝန်ထမ်းဦးစီးဌာန၌ ECCD နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးဆောင်ကျင်းပပြုလုပ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိဘအသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေက အဆိုပါရုံး မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပခဲ့သည်။