ချောက်မြို့နယ် တောင်နောက်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်(VDP)ဖြင့်‌ တောင်နောက်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ ကလေးသူငယ်များအား ကျန်းမာရေးအသိပညာပေးနှင့် ကလေးပျော်စင်တာများ ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ကြက်ခြေနီအသင်းမှကြီးမှူးကျင်းပသည့် ကလေးသူငယ်များအား ကျန်းမာရေးအသိပညာပေးနှင့် ကလေးပျော်စင်တာများဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ဝိန်းကျောက်ရပ်ကွက်ရှိ ဟောရှဏ္ဏအေဂျီဧဝံဂေလိ အသင်းတော်ရှိ တတိယနှစ်ခန်းမဆောင်တွင် ကျင်းပသည်။

မိုင်းလွေကျေးရွာအုပ်စုအတွင်း ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးကွင်းဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးရွာနေဒေသခံ တိုင်းရင်းသားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများသည် မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ယမန်နေ့ နံနက်(၁၀) နာရီက နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သရက်မြို့၌ ကျောင်းကျန်းမာရေးကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးကျန်းမာရေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာမူလတန်း(ရွှေဘုံသာ)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

မိုးနဲမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁၇)နားလင့်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၁၀ နာရီအချိန်က Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဩဂုတ် ၉ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ငါန်းဇွန်မြို့၌ ယူရီးယားမြေဩဇာအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော စိုက်ပျိုးရေးပစ္စည်းဆေးဆိုင်များတွင် ယူရီးယားမြေဩဇာအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ခိုလမ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်သင်ကြား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်ရတနာခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၀၄)ဦးတို့အား ယနေ့နံနက် (၉) နာရီမှ မွန်းလွဲ (၃) နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ နမ့်စလိုင်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေးပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to