ရွှေဘိုမြို့လူမှုဝန်ထမ်းဦးစီးဌာန၌ ECCD နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

​ရွှေဘို သြဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦး‌ဆောင်ကျင်းပပြုလုပ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိဘအသိပညာပေးဟောပြောပွဲကို ယမန်နေ့ည​နေက အဆိုပါရုံး မူလတန်းကြို​ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာ လက်ထောက်ညွှန်ကြား​ရေးမှူး​ဒေါ်ကြွယ်ကြွယ်ဝင်းက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး ရွေဘိုမူလတန်းကြိုကျောင်းအုပ်မှ ECCD ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးအကြောင်း ရှင်းလင်းပြောကြားပြီး ​ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး​ဒေါ်​ချောစုမှ ရေဘေး ငလျင်ဘေး အကြောင်းနှင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုပြသခြင်း ခရိုင်မီးသတ်ဦးစီးမှူးဦး​အေးမြင့်မှ မီးဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်မူ သရုပ်ပြသမူအား ကျောင်းသားမိဘများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာလက်ထောက်ညွှန်ကြား​ရေးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး​နှင့်​ဝန်ထမ်းများ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကလေးမိဘများ ပုဂ္ဂလိကမူကြိုကျောင်းများမှ ကျောင်းအုပ်ကြီးများစုစုပေါင်း ၁၆၅ ဦး တက်​ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)