အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)၌ မိုးရာသီမေဂျာပေါင်းစုံ ဖူဆယ်အားကစား ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျောက်ဆည် ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်ပညာအထက်တန်းကျောင်း( ကျောက်ဆည်)၌ ကျောင်းသား ကျောင်းသူများ ကျန်းမာသန်စွမ်းပြီးဉာဏ်ရည်ထက်မြတ်၍ ထူးချွန်အားကစားသမားကောင်းများ ပေါ်ထွက်လာရေး ယနေ့နံနက် ၁၀ နာရီခွဲက မိုးရာသီမေဂျာပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆင်အကအလှ၊ ပန်ပွားအကများဖြင့် ဖျော်ဖြေခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းက အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့ကာ ဗိုလ်လုပွဲအဖြစ် အဆောက်အဦ ပြုပြင်ထိန်းသိမ်းခြင်းနည်းပညာသင်တန်း ဖူဆယ်အသင်းနှင့် စက်မှုပထမနှစ်သင်တန်း ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စက်မှုပထမနှစ်သင်တန်း ဖူဆယ်အသင်းက (၄)ဂိုး(၃)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။ 

ပြိုင်ပွဲအပြီးတွင် ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းနှင့် တာဝန်ရှိသူများ ဖူဆယ်ဘော်လုံးပြိုင်ပွဲ၌ ပထမရရှိသော စက်မှုပထမနှစ်သင်တန်း အသင်းအား ဆုဒိုင်းနှင့် ရွှေဆွဲပြားကိုလည်းကောင်း၊ ဒုတိယဆုရရှိခဲ့သော အဆောက်အဦပြုပြင်ထိန်းသိမ်းခြင်းနည်းပညာသင်တန်းအသင်းအား ဆုဒိုင်းနှင့် ငွေဆွဲပြားများကို လည်းကောင်း၊ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးအားကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆု၊ အသန့်ရှင်းဆုံးဆုများအပြင် ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ထုပ်စည်းတိုးပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)