ရေတာရှည် ဩဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့တွင် ယမန်နေ့ နံနက်(၉)ခွဲအချိန်၌ လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတာရှည်မြို့နယ်၊ မြို့လှမြို့ အမှတ်(၅)ရပ်ကွက် ဦးထွန်းထွန်းနိုင်၏ နေအိမ်ဘေးတွင်ရှိသော သစ်ပင်ပြိုလဲပြီး (၃) ပင်ပတ်လည်သွပ်မိုး၊ ထရံကာနေအိမ်ပေါ်သို့ ပိ၍နေအိမ်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၅၀၀၀၀၀) ကျပ်ခန့်ရှိကြောင်း သိရသည်။
အဆိုပါလေဘေးအန္တရာယ်ခံစားခဲ့ရသော အိမ်ထောင်စုဝင်မိသားစုများအား နီးစပ်ရာ ဆွေမျိုးများ နေအိမ်တွင် နေရာချထားပေးပြီး နေအိမ်ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် လေဘေးအန္တရာယ်ကျရောက်မှုကြောင့် လူနှင့်တိရစၧာန်များ ထိခိုက်/သေဆုံးမှုမရှိပါကြောင်း တင်ပြအပ်ပါသည်။
မြို့နယ် (ပြန်/ဆက်)