ပျော်ဘွယ်မြို့နယ် သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မိုးကြိုဝါအောင်မြင်ဖြစ်ထွန်းကာ စတင်ခူးဆွတ်

ပျော်ဘွယ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ စတင်ခူးဆွတ်နေမှု မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့ မြို့နယ်ညာရေးမှူးဖလား U14 ဘောလုံးပြိုင်ပွဲ ကျင်းပဆောင်ရွက်

ဆိပ်ဖြူမြို့ မြို့နယ်ညာရေးမှူးဖလား U14 ဘောလုံးပြိုင်ပွဲ ကျင်းပဆောင်ရွက် ဆိပ်ဖြူ ဩဂုတ် ၁၂ မြို့နယ် (ပြန်/ဆက်)

ချောင်းဆုံမြို့နယ်၌ လူငယ်ရေးရာနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဖံဖ(အ.လ.က-ခွဲ)ကျောင်းနှင့် တကူတာ(အ.မ.က) ကျောင်းတို့တွင် လူငယ်ရေးရာအသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်းရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်း အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ အချိန်မီပြီးစီးရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်း အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ အချိန်မီပြီးစီးရေး ကွင်းဆင်းဆောင်ရွက် ညောင်ရွှေ ဩဂုတ် ၁၁ စိုင်းအယ်ဘဲ

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community centre အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာအုပ်စာစောင်ချစ်မြတ်နိုးသူ BookClub နှင့်ပူးပေါင်း၍ စာရေးဆရာ ကျော်ကျော်လှိုင်၏ “ အောင်မြင်မှုသို့ ခြေလှမ်း ၁၀၁ လှမ်း ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြန်မာနိုင်ငံရှိ ကလေးငယ်များအား ကျောင်းနေရွယ်အချိန်တွင် ပြင်ပလုပ်ငန်းခွင်များ၌ ခိုင်းစေမှုလျော့နည်းပပျောက်စေရေး စသည်တို့ကိုရည်ရွယ်ကာ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ​ ​ကြို့ပင်သာလေးကျေးရွာရှိ အ.မ.က​ ကြို့ပင်သာလေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေကျင်မြို့နယ် တောင်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်း‌ကျောင်းခွဲတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ တောင်ဘက်ကျေးရွာ၊ အခြေခံပညာအလယ်တန်း‌ကျောင်းခွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ပေကုန်းကျေးရွာကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့တွင် ကလေးအလုပ်သမား‌လျှော့ချ‌ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်စာစောင်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် တောင်ဘက်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား‌လျှော့ချ‌ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။
Subscribe to