ပွင့်ဖြူမြို့နယ်၌ (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံကိန်းလုပ်ငန်းဆိုင်ရာ AVIP သင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် စီမံကိန်းလုပ်ငန်းဆိုင်ရာ AVIP သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့နယ် မိုင်းဇင်း အထက (ခွဲ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ကျောင်းသား၊ bကျောင်းသူများ  စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေး စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့က ကျင်းပကြောင်းသိရသည်။ ဟောပြောပွဲတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်သီသီဝင်းတို့က ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာပေများ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ပိုမိုကြွယ်ဝလာမည်ဖြစ် ကြောင်း၊ အားလပ်သည့်အချိန်များတွင် စာပေဖတ်ရှုလေ့လာကြရန်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ကလေးလုပ်ပသမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောသည်။

လက်ပံတန်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲများကို ယမန်နေ့ နံနက်ပိုင်းက အ.လ.က(ကြို့ပင်စခန်း)နှင့် အ.မ.က (သပြေကုန်း)ကျောင်းတို့၌ ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတက္ကသိုလ်ပင်မဆောင် ပြန်လည်ပြုပြင်တည်ဆောက်ခြင်း သတ်မှတ်ကာလအတွင်း ပြီးစီးရေးစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်တာဝန်ရှိသူများသည် သြဂုတ် ၇ ရက် နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော မန္တလေးက္ကသိုလ်ပင်မဆောင် အဆောက်အအုံကို  မူလပုံစံမပျက်ပြန်လည်ပြုပြင်တည်ဆောက်ခြင်းအား သတ်မှတ်ကာလအတွင်း ပြီးစီးရေး သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်မြို့နယ်ပညာရေးမှူးဖလား (U-14) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား (U-14) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်အနားကို ယနေ့ နံနက် ၇ နာရီက အနောက်ပိုင်း (အ.မ.က) ကျောင်းတွင် ကျင်းပပြုလုပ်သည်။

မင်္ဂလာဒုံမြို့နယ်၌ သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် အသိပညာပေးဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးခြင်းကို မင်္ဂလာဒုံစက်မှုဇုန်၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

သင်္ဃန်းကျွန်းခရိုင်တွင် အခြေခံပညာအထက်တန်းအဆင့် အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်း(သုဝဏ္ဏ)တွင် အခြေခံပညာအထက်တန်းအဆင့် အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့ အ.ထ.က (ကန်သာယာ) ကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌ။နသည် မြို့နယ်ရဲတပ်ဖွဲ့၊မှူးရုံး၊ ပညာရေးဌာနတို့နှင့် ပူးပေါင်း၍ အ.ထ.က (ကန်သာယာ) ကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မဟော်သဓာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to