မုံရွာမြို့နယ် စစ်ပင်ရပ်ကွက် အရံမီးသတ်စခန်းအတွက် ဂါလံ ၁၆၀၀ ဆံ့ ‌ဒေါင်ဖန်း အမျိုးအစားမီးသတ်‌ရေယာဥ်တစ်စီးအား ပြန်လည်ပြုပြင်ပြီး လွှဲပြောင်းပေးအပ်ပွဲကျင်းပ

မုံရွာ ဩဂုတ် ၈

မုံရွာမြို့နယ်မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာမြို့နယ် စစ်ပင်ရပ်ကွက် အရံမီးသတ်စခန်းအတွက် ဂါလံ ၁၆၀၀ ဆံ့ ‌ဒေါင်ဖန်းအမျိုးအစား မီးသတ်‌ရေယာဥ်တစ်စီး ပြန်လည်ပြုပြင်ပြီး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စစ်ပင်ရပ်ကွက် အရံမီးသတ်စခန်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ မုံရွာမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၂၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် မုံရွာမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က အမှာစကားများပြောကြားကြပြီး အဆိုပါ မီးသတ် စခန်းအတွက် ဂါလံ ၁၆၀၀ ဆံ့ ‌ဒေါင်ဖန်းအမျိုးအစား မီးသတ်‌ရေယာဥ်တစ်စီးအား ပြန်လည်ပြုပြင်ပြီး တာဝန်ရှိသူထံ လွှဲပြောင်းပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက်ခရိုင်ကော်မတီဥက္ကဋ္ဌသည် မုံရွာမြို့ သန့်ရှင်းသာယာလှပရေးအတွက် ကျောက္ကာလမ်းမကြီး ဝဲယာကွန်ကရစ်ရေနှုတ်မြောင်းများ တူးဖော်နိုင်ရေးအတွက် တိုင်းတာနေမှုများ လမ်းဘေးဝဲယာ အိမ်ပိုင်ရှင်ဆိုင်ပိုင်ရှင်များမှ ကွန်ကရစ်ခင်းရန်အတွက် တိုင်းတာမှုများအား ကြည့်ရှု့အားပေးကြောင်းသိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘိလပ်မြေများကို စိုက်ထုတ်အကုန်ကျခံကူညီမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)