(၂၄ )ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အထိမ်းအမှတ် မြ၀တီမြို့ရှိ ပညာရည်ချွန်ဆုရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊မြဝတီမြို့ ကရင်နှစ်သစ်ကူးထာဝရငြိမ်းချမ်းရေးကွင်း၌ ယမန်နေ့ ညနေ ၃နာရီက (၂၄)ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကိုဂုဏ်ပြုသောအားဖြင့် မြဝတီမြို့ရှိ ၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသည့်ကျောင်းသားကျောင်းသူများ၊ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ပြည်နယ်အဆင့် လူရည်ချွန်ဆုရ ကျောင်းသားများ၊ သင်ကြားပြသပေးသော ဆရာ၊ ဆရာမများ၊ ကရင်ရိုးရာချည်ဖြူဖွဲ့ (လက်ချည်) မင်္ဂလာ အထိမ်းအမှတ်အထက်တန်းအဆင့်၊ အလယ် တန်းဆင့်စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲဆုရ ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြု ချီးမြှင့်ပွဲ အခမ်းအနားကျင်းပသည်။

ကံမမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကျေးရွာအုပ်စု (၂၂) အုပ်စု ထုတ်ချေးပြီးစီး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေ ချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၁)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ထန်းတောကျေးရွာ အုပ်စုနှင့် အလယ်ချောင်း ကျေးရွာအုပ်စုတို့မှ တောင်သူ(၁၉၄)ဦးတို့၏ မိုးစပါးစိုက်ဧက (၄၃၅) ဧကနှင့် နှမ်းစိုက်ဧက (၁၀) ဧကတို့အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၆၆၂.၅) သိန်းအား ထုတ်ပေးခဲ့ပြီး ကျေးရွာ အုပ်စု(၂၂)အုပ်စု ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ရှိ ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားသောက်ကုန်နှင့် လူသုံးကုန်များရောင်းချ၊  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ရန်ပုံငွေဖြင့် ထုတ်ချေးထားသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)မှ ဝန်ထမ်းများအား ဆန်၊ စားအုန်းဆီနှင့်အခြေခံ စားကုန်များ၊ သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့ဝင်များ  ကြည့်ရှုအားပေးကြသည်။

တံတားဦးမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး ဗီဒီယိုပြသ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်းပြီး ဆက်သွယ်မှုလိမ်လည်မှုတိုက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းရတနာထွန်းခန်းမ၌ ဆောင်ရွက်သည်။ 

ဇေယျာသီရိမြို့နယ်၌ အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်ရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးသို့ ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကား

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအနီးရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးတွင် ယနေ့နံနက်ပိုင်းက ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

ကလောမြို့၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများတွင် လိုအပ်လျက်ရှိသည့် Unique ID များ အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်

နိုင်ငံတော်၏ တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံဝန်ထမ်း(အငြိမ်းစား)များတွင် လိုအပ်လျက်ရှိသည့် UID (Unique  Indentity) စနစ်ဖြင့် Smart Card ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလောမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီက ကလောမြို့၊ အမှတ်(၃) ရပ်ကွက်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အိမ်တိုင်ရာရောက် Home Stop Service ဆောင်ရွက်ပေးနေမှုကို ကလောခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးတင်ထွန်းက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် ခင်ပွန်းကြီး(၁၀)ပါး ဓာတုစေတီတော် ပန္နက်တင်မင်္ဂလာကျင်းပ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ခင်ပွန်းကြီး(၁၀)ပါး ဓာတုစေတီတော် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယောဝရပ်ကွက် သံသရာအေးသာသနာ့မြေ၌ ယနေ့နံနက် ၇ နာရီ ၅၀ မိနစ်က ကျင်းပသည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်၊ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် အရည်အသွေးမြင့်မားစေရန်ရည်ရွယ်ကာ စာကြည့်တိုက်ပညာသင်တန်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံးစာကြည့်တိုက်၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
Subscribe to