ကျိုက်လတ်မြို့နယ်၌ လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ကျိုက်လတ် ဩဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ဩဂုတ်လ (၇) ရက်၊ နေ့လယ်ပိုင်းက လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ပုံပြင်၊ ကဗျာ၊ စာဖတ်စွမ်းရည်၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျိုက်လတ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။ ထို့နောက် လူကုန်ကူးမှုအကြောင်းနှင့် ပတ်ဝန်းကျင်သာယာဖို့ စနစ်တကျအမှိုက်စွန့်ပစ်ကြပါစို့ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)