အိမ်မဲမြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

အိမ်မဲ သြဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကိုယနေ့တွင် ဆက်လက်၍ ရောင်းချပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ်ကုန်စျေးနှုန်းတည်​ငြိမ်ကျဆင်းရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်၊ ကြက်ဥကုန်သည် များကတစ်ရက်လျှင် ဆန်တစ်ပြည် (၂၀၀၀) နှုန်းဖြင့် ဆန်အိတ် (၂၀)၊ ဆီတစ်ပိဿာလျှင် (၇၀၀၀) ကျပ်နှုန်းဖြင့် ဆီ (၅၀)ပိဿာ၊ ကြက်ဥတစ်လုံး လျှင် (၃၅၀)ကျပ်နှုန်းဖြင့် ကြက်ဥအလုံး (၆၀၀) တို့ကိုဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ထိုကဲ့သို့ရောင်းချနေမှုများကို အပတ်စဥ် တနင်္လာနေ့မှသောကြာနေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ ထံမှသိရသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)