ငဖဲမြို့နယ်တွင် မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်လှုပ်ရှားမှု အာဟာရဖြည့်စွက်စာများ ပေးအပ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် (ပထမပတ်) မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်လှုပ်ရှားမှု အစာအာဟာရ ဖြည့်စွက်စာများ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးတွင် ဆောင်ရွက်ခဲ့သည်။

မိုးကောင်းမြို၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းသင်တန်း စတုတ္ထအဖွဲ့အား ဆက်လက်ပို့ချ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းသင်တန်းကို ယမန်နေ့နံနက်(၉)နာရီတွင် မိုးကောင်းမြို့တော်ခန်းမ၌ စတုတ္ထအဖွဲ့အား ဆက်လက်ပို့ချသင်ကြားလျက်ရှိကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလံတပိုတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ဥက္ကဋ္ဌများ တွေ့ဆုံပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများတွေ့ဆုံပွဲကို သြဂုတ်လ (၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ကျင်းပသည်။

မေးမြန်းဖြေကြား အောင်မြင်သူတို့၏ ရင်တွင်းစကား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဘာသာတွဲအလိုက်ဖြေဆိုသူ ကျောင်းသား (၂၆) ဦး၊ ကျောင်းသူ (၄၉) ဦး စုစုပေါင်း (၇၅) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင်လ၂၇ ရက်က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာနအသီးသီးတွင်  ထုတ်ပြန်ကြေညာခဲ့ပြီး မိုင်းဖြတ်စာစစ်ဌာနမှ ကျောင်းသား (၁၀) ဦး ကျောင်းသူ (၂၃) ဦး စုစုပေါင်း (၃၃) ဦး ဖြေဆိုအောင်မြင်ခဲ့၍  (၄၄.၀၀) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်မှတ်တမ်းများအရ သိရသည်။ အဆိုပါအောင်မြင်သူများအနက် ၃ ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင်တစ်ဦး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

(၂၄)ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အထိမ်းအမှတ်မြ၀တီမြို့ရှိ ပညာရည်ချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကရင်နှစ်သစ်ကူးထာဝရငြိမ်းချမ်းရေးကွင်း၌ ယမန်နေ့ ညနေ ၃ နာရီတွင် (၂၄)ကြိမ်မြောက်ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီမြို့ရှိ ၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသည့်ကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ပြည်နယ်အဆင့် လူရည်ချွန်ဆုရကျောင်းသားများ၊ သင်ကြားပြသပေးသော ဆရာ၊ ဆရာမများ၊ကရင်ရိုးရာ ချည်ဖြူဖွဲ့ (လက်ချည်) မင်္ဂလာအထိမ်းအမှတ်အထက်တန်းအဆင့်၊ အလယ်တန်းဆင့် စာစီစာကုံး နှင့် ကဗျာပြိုင်ပွဲဆုရ ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားအား ကျင်းပခဲ့ရာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အမှတ်( ၄ )တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်နှ င့်တာဝန်ရှိ သူအဖွဲ့ဝင်များ၊ ကရင်စာပေနှင့်ယဥ်ကျေးမှု တိုးတက်ပြန့်ပွားရေး အသင်းနာယကများ ပွဲတော်ကျင်းပရေးဥက္ကဋ္ဌ ဦးစောကျော်မြင့်သန်းနှင့်တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ခရိုင်ပညာရေးမှူး လက်ထောက်ပညာရေးမှူး​၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေး၊ ပြည်သူ့စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသည့် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် အ.လ.က(မြို့ကုန်း)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း အ.လ.က(မြို့ကုန်း)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီကအ.လ.က (မြို့ကုန်း) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရတ်သတ္တပတ်လှုပ်ရှားမှု စတင်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၅၀)ဆေးရုံတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ပထမအပတ် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားကျင်းပသည်။
Subscribe to