ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြော

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (ဒုတိယနှစ်ဝက်) နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ပထမနှစ်ဝက်) ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများအား ဆက်သွယ်ရေးလိမ်လည်မှုနှင့် ဆက်စပ်ဖြစ်ပေါ်သော ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှု နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၆ ရက်နေ့ နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ ဧည့်မထဆန်များ တင်ပို့ရောင်းခြင်းအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သည် ဆန်စပါးအား အဓိကစိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်စပါးတင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယ​​နေ့နံနက် (၁၀) နာရီက ဒေးဒရဲမြို့နယ် ဘုရားကလေးကွင်းကျေးရွာမှ မြိတ်မြို့သို့ ဧည့်မထဆန်များ တင်ပို့လျက်ရှိသည့်လုပ်ငန်းများအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Center)အစည်းအဝေးခန်းမတွင်  ဝန်ထမ်းများ၏ လိုက်နာရမည့် စည်းမျဥ်းများကို သိရှိလိုက်နာစေရန်အတွက် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ​ပိုင်းက ကျင်းပသည်။

ငါးသိုင်းချောင်းမြို့၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပ

ငါးသိုင်းချောင်းမြို့၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပ ငါးသိုင်းချောင်း ဩဂုတ် ၈ ခင်မာလာအောင်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဝါ‌ခေါင်လပြည့် (မေတ္တာအခါတော်နေ့အထိမ်းအမှတ်) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနား တက်ရောက်

ဝါ‌ခေါင်လပြည့် (မေတ္တာအခါတော်နေ့အထိမ်းအမှတ်) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ တာဝန်ရှိသူများ တက်ရောက်သည်။

သာပေါင်းမြို့နယ် အ.ထ.က (ဇီးဖြူကွင်း)၌ လူငယ်စကားဝိုင်းကျင်းပ

သာပေါင်းမြို့နယ် အ.ထ.က (ဇီးဖြူကွင်း)၌ လူငယ်စကားဝိုင်းကျင်းပ သာပေါင်း ဩဂုတ် ၈ လဲ့လဲ့ဝင်း

သထုံမြို့နယ် ဒူးရင်းဆိပ်‌ကျေးရွာရှိ ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဒုံသမိချောင်းရေ မြင့်တက်လာမှုကြောင့် ရေဘေးလွတ်ရာ ရှောင်တိမ်းနေထိုင်ကြသည့် ဒူးရင်းဆိပ်ကျေးရွာအနိမ့်ပိုင်းမှ ရေဘေးရှောင်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ပြုလုပ်သည်။

မိုင်းပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြို လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
Subscribe to