အမာ ဩဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၁) နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃ နော်အေးအေးသက်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “လူငယ်နှင်ဇွဲ” စာအုပ်မှ နိုင်ငံကျော်အနုပညာရှင် ချာလီချက်ပလင်၏ ဘဝလမ်းခရီးအောင်မြင်မှုရရှိခဲ့ခြင်းမှာ ဇွဲလုံ့လအပြည့်ကြိုးစားမှုကြောင့်ဖြစ်ကြောင်း၊ ဇွဲရှိမှသာ အရာရာကိုအောင်မြင်နိုင်မည်ဖြစ်ကြောင်းတို့ကို အတုယူအားကျဖွယ်ရာ များဖြင့် ဦးဆောင် ဖတ်ကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင် လူငယ်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် စာစုများဖြင့် ပြန်လည် ဆွေးနွေးခဲ့ကြပြီးနောက် ရုံးတွင်းနံရံကပ် အသိပညာပေး စာစောင်များပြသထားရာ လူငယ်များမှ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အမာ (ပြန်/ဆက်)