မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေးလုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် ၈ နာရီအချိန်က လမ်းသွား လမ်းလာ ကျောင်းသား/ သူလေးများအား အသိပညာပေးလုပ်ငန်းတစ်ခုဖြစ်သည့် နံရံကပ်စာစောင် ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဧပြီလ၊ မေလနှင့် ဇွန်လအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဧပြီလ၊ မေလနှင့် ဇွန်လအတွက် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း တေဇခန်းမ၌ ကျင်းပခဲ့သည်။

ပန်းတောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက အ.မ.က (လွန်) သူရဲဇီးကျောင်းနှင့် အ.မ.က သရက်လိန်ကျောင်းများသို့ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် activity များ လုပ်ဆောင်ခဲ့သည်။

မြို့သစ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း လက်တွေ့သရုပ်ပြသခြင်းအခမ်းအနားကိုယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ (ရတနာခန်းမ) ၌ ကျင်းပသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ၂၀၂၅ ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများစတင်ထုတ်ချေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးခြင်းကို ယမန်နေ့နေ့လယ် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ စတင်ထုတ်ချေးပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမရပူရမြို့နယ်ရှိ တောင်သူများနှင့်တွေ့ဆုံ၊ လက်ဆွဲမျိုးစေ့ချကိရိယာများ ပေးအပ်ပွဲတက်ရောက်

မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေ နှင့် အဓိကသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေး တွေ့ဆုံပွဲ၊ လက်ဆွဲမျိုးစေ့ချ ကိရိယာများပေးအပ်ပွဲနှင့် ကွင်းသရုပ်ပြသပွဲ အခမ်းအနားကို သြဂုတ် ၇ရက်နံနက်ပိုင်းက အမရပူရခရိုင် အမရပူရမြို့နယ်ရှိ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုရွာကျေးရွာတွင် ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့နယ်နှင့် အိမ်မဲမြို့နယ်တွင် ပြုလုပ်သည့် မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာနှင့်အိမ်မဲမြို့နယ်၊ ပွဲစားဂုံညှင်းတန်းကျေးရွာတို့တွင် မိုးစပါးထွန်တုံးပိတ်ပွဲအခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများရှိ တောင်သူများ၏လယ်မြေတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ၊ ဒေသခံ တောင်သူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်စက်မှုဇုန် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အတွင်း နယ်မြေဒေသအခြေအနေများ ပြန်လည်တည်ငြိမ်အေးချမ်းလာပြီး လွိုင်ကော်စက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများ စတင်လည်ပတ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၆ ရက် နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်စက်မှုဇုန်သို့သွားရောက်ပြီး စက်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စက်မှုဇုန်အတွင်း လုပ်ငန်းများပြန်လည်လည်ပတ်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်နေမှုနှင့် ထိခိုက်ပျက်စီးမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပန်းတောင်းမြို့​နယ်၌ ဆက်သွယ်လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.ထကကျောင်းခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဥပဒေအရာရှိ ဒေါ်စုစုဌေးနှင့်ဝန်ထမ်းများက ဆက်သွယ်လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။

မောက်မယ်မြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲ အခမ်းအနားကို သြဂုတ်လ ၆ ရက်နေ့ နေ့လယ် ၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to