မိုးကောင်း ဩဂုတ် ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းသင်တန်းကို ယမန်နေ့နံနက်(၉)နာရီတွင် မိုးကောင်းမြို့တော်ခန်းမ၌ စတုတ္ထအဖွဲ့အား ဆက်လက်ပို့ချသင်ကြားလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ပြီး မြို့နယ်စီမံခန့်ခွဲရေးဥက္ကဋ္ဌက သင်တန်းနှင့်ပတ်သက်၍ အားပေးစကားပြောကြားကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်သူဇာဝင်းက အီလက်ထရောနစ်မဲပေးစက်အကြောင်းကို power point ဖြင့် ရှင်းလင်း တင်ပြခဲ့သည်။
ဆက်လက်၍ သင်တန်းတက်ရောက်လာသူ မဲရုံတာဝန်ခံ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနည်ပြများက အီလက်ထရောနစ် မဲပေးစက်ကိုင်တွယ် အသုံးပြုပုံနည်းများကိုအုပ်စုဖွဲ့၍ လက်တွေ့ သရုပ်ပြသင်တန်းပေးကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား(၅၉၉)ဦးအား (၂)ရက်လျှင် မဲရုံတာဝန်ခံ သင်တန်းသား(၁)ဖွဲ့နှုန်းဖြင့် (၆)ဖွဲ့ခွဲ၍ ဩဂုတ်လ(၁)ရက်နေမှ(၁၂)ရက်နေ့အထိ ပို့ချသင်ကြားလျက်ရှိရာ ယနေ့ဆိုလျှင် စတုတ္ထအဖွဲ့ သင်ကြားနေကြောင်း သိရသည်။
သန်းလွင်ဦး