ဖျာပုံ သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများတွေ့ဆုံပွဲကို သြဂုတ်လ (၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ကျင်းပသည်။
အဆိုပါခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ တွေ့ဆုံရာတွင် ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန့်ဇင်လတ်က အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းဦးက ရွေးကောက်ပွဲကျင်းပဆောင်ရွက်မည့် အခြေအနေများနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့်မဲပေးဆောင်ရွက်မည့် အခြေအနေမျာအား ရှင်းလင်းပြောကြားသည်။ ထိုနောက်ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက အသီးသီးမိတ်ဆက်စကားပြောကြားကြပြီး ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ကနိဂုံးချုပ်အမှာစကား ပြောကြားကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်း(ဖျာပုံခရိုင်ပြန်/ဆက်)