ကျိုင်းလပ်မြို့၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် မျိုးစေ့နှင့် ဓာတ်မြေဩဇာများပေးအပ်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် စိုက်ပျိုးတောင်သူများအား မိုးစပါးမျိုးစေ့နှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုင်းပါလျှိုးအုပ်စု၊ ဝမ်လန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။