ခိုလမ် ဩဂုတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ခင်းများအတွက်သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးမြင့်ဦးက သွင်းအားစုများပေးအပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာသော တောင်သူများအား မျိုးစေ့နှင့် ဓာတ်မြေဩဇာစသည့်သွင်းအားစုများကို တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)