ငဖဲ ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် (ပထမပတ်) မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်လှုပ်ရှားမှု အစာအာဟာရ ဖြည့်စွက်စာများ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအုန်းဝင်းက ကျန်းမာကြံ့ခိုင်သောကလေးငယ်များမွေးဖွားလာနိုင်ရေးအတွက် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် စနစ်တကျနေထိုင်စားသောက်ရန်၊ မိခင်နို့စနစ်တကျတိုက်ကျွေးနည်းနှင့် မိခင်နို့စနစ်တကျတိုက်ကျွေးခြင်းကြောင့် ရရှိလာသည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုး၊ အဖွဲ့ဝင် ဦးတင်မောင်အေးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာအုန်းဝင်းတို့က ကြက်ဥ၊ အိုင်အိုဒင်းဆား၊ ကွေကာအုပ်နှင့် ကိုယ်ဝန်ဆောင်အားဆေးစသည့် အာဟာရဖြည့်စွက်အစာများကို ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)