ဒီးမော့ဆိုမြို့မဈေးတွင် နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်လျက်ရှိ
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ စသော အထင်ကရနေရာများတွင် နေ့စဉ်နှင့်အမျှ ပြည်တွင်း/ပြည်ပမှ ခရီးသွားပြည်သူများ လာရောက်လည်ပတ်လျက်ရှိသည့်အပြင် ပြည်နယ်အတွင်း ထင်ရှားလှသော ဒီးမော့ဆိုမြို့မဈေးသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။