နတ်ချောင်း အလယ်ကျေးရွာအုပ်စု၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းဆင်းပွဲ ကျင်းပ

ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၂

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် ဒေသခံ ကျေးလက်ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးမှ စီးပွားဖြစ် လုပ်ကိုင်လာနိုင်စေရေး၊ နေ့စဉ်ဝင်ငွေများ တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်ပြီး ကျေးလက်ဒေသ များတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ပို့ချပေးလျက်ရှိသည်။

တာချီလိတ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု ယန်းကျောက်-ဝှေလေလန် ကတ္တရာ လမ်းသစ်ဖွင့်

တာချီလိတ် ဖေဖော်ဝါရီ ၂

မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု မယ်လိတ်ပါကော်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု ယန်းကျောက်-ဝှေလေလန် ကတ္တရာလမ်းသစ်ကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာတွင် ကျေးရွာသန့်ရှင်းသာယာရေး စုပေါင်းအမှိုက်ကောက်

ကျောက်တန်း ဖေဖော်ဝါရီ ၂

 ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာတွင် မျိုးဆက်သစ်လူငယ် ပရဟိတအဖွဲ့မှ ဦးဆောင်၍ ကျေးရွာလုံးကျွတ် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဆောင်ရွက်ခဲ့သည်။

ထို့နောက် မျိုးဆက်သစ် လူငယ်ပရဟိတအဖွဲ့နှင့် အမှိုက်ကောက်ပြည်သူများအား ကျေးရွာမှ စေတနာရှင်များက အာဟာရဒါနများဖြင့် ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.က(၃၂)ကျောင်းခန်းမတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စံထားစစ်ဆေးခြင်း ဆိုင်ရာ (ဇုန်အဆင့်) စာမေးပွဲကြီးကြပ်ရေးမှူး သင်တန်းဖွင့်ပွဲကျင်းပ

မန္တလေး ဖေဖော်ဝါရီ ၂

ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စံထားစစ်ဆေးခြင်းဆိုင်ရာ (ဇုန်အဆင့်)စာမေးပွဲ ကြီးကြပ်ရေးမှူးသင်တန်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.က(၃၂)ကျောင်းခန်းမတွင် ယနေ့  နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အခမ်းအနားနှင့် ဆုပေးပွဲ ညောင်ရွှေ၌ကျင်းပ

ညောင်ရွှေ ဖေဖော်ဝါရီ ၂

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ညောင်ရွှေမြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ်၊ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းနှင့် ညောင်ရွှေမြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်မိုး တို့က အမှာစကား ပြောကြားကြသည်။

(၂)ကြိမ်မြောက် ခေမာသီဝံဓမ္မစကူးလ် သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲကျင်းပ

ဂန့်ဂေါ ဖေဖော်ဝါရီ ၂

ဂန့်ဂေါမြို့၊ အမှတ်(၄)ရပ်ကွက် (၂)ကြိမ်မြောက် ခေမာသီဝံဓမ္မစကူးလ် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီတွင် ခေမာသီဝံ စာသင်တိုက်၌ ပြုလုပ်ရာ သာသနဓဇ ဓမ္မာစရိယ ဆရာတော် ဦးပညာဝံသထံမှ ငါးပါးသီလကို ခံယူတည်ဆောက်ကြသည်။

ဆက်လက်၍ ခေမာသီဝံဘုန်းကြီးကျောင်းဂေါပက ဦးကျော်ဝင်းက အဟာရကုသိုလ်ရှင်များအား လည်းကောင်း၊ ခေမာသီဝံဘုန်းကြီးကျောင်း ဂေါပက ဦးမောင်အေးက ဓမ္မစကူးလ် ဆရာ၊ ဆရာမများအား လည်းကောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်နိုင်က ခေမာသီဝံဓမ္မစကူးလ် ကျွေးမွေးစောင့်ရှောက်ရေး အဖွဲ့အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကြသည်။

ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့/မေးခိုင် ကာကွယ်ဆေး(စတုတ္ထအကြိမ်)ကို ပုံမှန် ကာကွယ်ဆေးထိုး/ဆေးတိုက်အစီအစဉ်တွင် စတင်ထည့်သွင်းခြင်းပြုလုပ်

မြင်းခြံ  ဖေဖော်ဝါရီ  ၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့/မေးခိုင် ကာကွယ်ဆေး(စတုတ္ထအကြိမ်)ကို ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက်အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း မြို့နယ်အဆင့် အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စိုက်ပျိုဧက(၉၇၉၄)ဧက အကျိုးပြုသည့် တမုတ်စိုက်ပျိုးရေပေးမြောင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး စုပေါင်း အမှိုက်များကောက်

ကျောက်ဆည် ဖေဖော်ဝါရီ ၂

ကျောက်ဆည်မြို့တွင် အနော်ရထာမင်းကြီး လက်ထက်က ဖောက်လုပ်ခဲ့သည့် စိုက်ပျိုးမြေ (၉၇၉၄)ဧက အကျိုးပြုလျက်ရှိသည့် တမုတ်စိုက်ပျိုး ရေပေးမြောင်းအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ယမန်နေ့ နံ နက် ၈ နာရီအချိန်က ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော် ဦးဆောင်မှုဖြင့် စုပေါင်းအမှိုက်ကောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖောငမြှောင်တောင် ဘက်စုံကာကွယ်နှိမ်နှင်းရေးနှင့်(Pheromone trap) ဟော်မုန်းထောင်ခြောက် အသုံးပြုခြင်း အသိပညာပေး သင်တန်းဖွင့်လှစ်

မုံရွာ ဖေဖော်ဝါရီ  ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ဖောငမြှောင်တောင် ဘက်စုံကာကွယ်နှိမ်နှင်းရေးနှင့် (Pheromone trap) ဟော်မုန်းထောင်ခြောက် အသုံးပြုခြင်း အသိပညာပေးသင်တန်းကို ဖေဖော်ဝါရီလ(၂)ရက်နေ့ နံနက်(၉) နာရီတွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ရေဦးမြို့ အ-ထ-က(၁)တွင် ဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရေဦး ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီးရေဦးမြို့ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၈ နာရီက ဓမ္မစကူးလ် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပသည်။

Subscribe to