မိုင်းကိုင်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းကိုင် အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း  ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက်  မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ   ယနေ့နံနက်ပိုင်း က မိုင်းကိုင်မြို့ ယာယီဈေးနှင့် လမ်းသွားလမ်းလာ မိဘပြည်သူများ အား ရွေးကောက်ပွဲဆိုင်ရာ  အသိပညာပေး လက်ကမ်းစာစောင်များကို    ကွင်းဆင်းဖြန့်ဝေခဲ့ကြသည်။

အဆိုပါကွင်းဆင်းမှုတွင်  မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်နန်းလှဌေး၊ အတွင်းရေးမှူး ဦးအောင်ဖြိုးဝင်းနှင့်  အဖွဲ့ဝင်များက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ  ထုတ်ဝေသော  မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လက်ကမ်းစာစောင်၊ ဒီမိုကရေစီ ရှင်သန်ဖို့ မသန်ပေမဲ့ စွမ်းသူများအားလုံး မဲပေးကြစို့ အကြောင်းအရာပါ လက်ကမ်းစာစောင်များ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေး နှာခေါင်းစည်း Mask များကို  ဖြန့်ဝေပေးခဲ့ပြီး  ရွေးကောက်ပွဲဆိုင်ရာ  အသိပညာများကို အများပြည်သူ ကျယ်ပြန့်စွာ သိရှိနိုင်ရေး၊ နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စု  ကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် အများပြည်သူ ထံသို့ လက်ကမ်းစာစောင်များကို ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)