မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အနံ့ပျောက်သူများ ထားရှိသည့် Anosmia Centre တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Diagnosis Test Kit များဖြင့် စစ်ဆေးဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အ.ထ.က(၁) ကျောင်း၌ ဖွင့်လှစ်ထားသည့် အနံ့ ပျောက်သူများအား အသွားအလာကန့်သတ် စောင့်ကြည့်ထားသည့် Anosmia Centre တွင် Quarantine ဝင်ရောက်နေသူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Diagnosis Test Kit များဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများမှ လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သရက်မြို့ ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ တွင် အသုံးပြုရန်အတွက် စေတနာရှင် များမှ အလှူငွေများ နေ့စဉ်လှူဒါန်းလျက်ရှိရာ ယမန်နေ့ ညနေ (၄)နာရီ က သရက်မြို့ပြည်သူ့ဆေးရုံတွင် အလှူငွေပေးအပ်ပွဲပြု လုပ်ခဲ့သည်။

ရေနံချောင်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်‌ရေးသုံး ပစ္စည်းများ လှူဒါန်း

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူရှင်များက ငွေကျပ် ၆ သိန်းတန်းဖိုးရှိ Oxygen Concentrator တစ်လုံးအပါအဝင် လိုအပ်သောဆေးရုံသုံးပစ္စည်းများကို ယမန်နေ့က မြို့နယ် ဆရာဝန်ကြီးထံသို့ လှူဒါန်းခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း သတင်းမှန်ပြန်ကြားရေးဆပ်ကော်မတီမှ သိရသည်။

လေးမျက်နှာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ကျေးရွာ များအား ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ကာလ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများအပေါ် ကုစားပေးနိုင်ရန်အတွက် (CERP)အရ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း‌(VRFP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ကျေးရွာနှစ်ရွာအား ယနေ့နံနက် ၉ နာရီတွင် ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

ကျုံဒိုးမြို့၌ နေအိမ်ပြင်ပထွက်သူများ နှာခေါင်းစည်းတပ်ဆင်ရေးစစ်ဆေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပ ထွက်သူများ နှာခေါင်းစည်းတပ်ဆင်၍ သွားလာရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သည့် ကျုံးဒိုး မြို့မရဲစခန်းလမ်းဆုံ၊ ကမ်းနားစျေး၊ ကုန်ပေါ်စျေးတို့တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ လေးဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ က ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ညနေ (၆)နာရီ အချိန် က နေရပ်ပြန်ပြည်သူ (၄)ဦးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

WE LOVE YANGON အဖွဲ့မှ မရမ်းကုန်းမြို့နယ်အတွင်း ဆွမ်းဆန်အခက်အခဲရှိသော ဘုန်းတော်ကြီး ကျောင်း (၃၂)​ကျောင်းသို့ ဆွမ်းဆန်များ လာရောက်လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆွမ်းဆန်အခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း များသို့ WE LOVE YANGON အဖွဲ့မှ လိုက်လံလှူဒါန်း လျက်ရှိရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်း မြို့နယ်အတွင်းရှိ ဆွမ်းဆန်အခက်အခဲ ဖြစ်နေသည့် ဘုန်းတော်ကြီးကျောင်း (၃၂)ကျောင်းသို့ ယမန်နေ့ မွန်းလွဲပိုင်းက ဆွမ်းဆန်များ လာရောက်လှူဒါန်းခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုသူ (၄၃၄၇၂) ဦးရှိပြီး ပြင်ဆင်ခြင်း/ဖြည့်စွက်ခြင်းနှင့် ကန့်ကွက်ခြင်း လုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ(၁)ရက်နေ့မှ(၁၄)ရက်နေ့အထိ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာပေးပြီး ဖြစ်ပါသည်။
Subscribe to