နာဂဒေသ၊ လဟယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခွင့်ပြုရန်ပုံဖြင့်ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့က ဌာနမှတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ဟိုပုံးမြို့၌ နှာခေါင်းစည်း (Mask) မတပ်ဆင်လာသူများကို ဒဏ်ငွေ ၂၀၀ ကျပ် ကောက်ခံ၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန်အတွက် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန် က စတင်၍ ပြည်ထောင်စုလမ်းမကြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် လမ်းဆုံတို့တွင် နှာခေါင်းစည်း (Mask) မတပ် ဆင်လာသူများအား ဒဏ်ငွေ ၂၀၀ ကျပ်စီ ကောက်ခံ၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန် က ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကျေးရွာအုပ်စု၊ ပုံးအယ်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိ ရသည်။

ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်အတွက် ODK Application သုံးစွဲနည်း မွမ်းမံသင်တန်းဖွင့်လှစ်

ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်အတွက် ODK Application သုံးစွဲနည်း မွမ်းမံသင်တန်းကို ယမန်နေ့နံနက်(၁၁)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

မိုင်းဆတ်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် သံသယလူနာများ သီးသန့်ထားရှိရန် ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် သံသယ လူနာများ သီးသန့်ထားရှိရန် ပြင်ဆင်ထားရှိမှုအခြေအနေအား ယမန်နေ့မွန်းလွဲ (၂)နာရီ က တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ယူနိုက်တက်အမရဘဏ် ဓါးပြတိုက်ခံရ၊ ဘဏ်ဓါးပြတိုက်သူ စီးနင်းလာသော မော်တော်ယာဉ်ဖမ်းဆီးရမိထား

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊၆၂လမ်းနှင့်ရတနာလမ်း(၁၃၁)ထောင့်ရှိ ယူနိုက်တက်အမရ ဘဏ်တွင် အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီ ခွဲခန့်က ဓါးပြတိုက်မှုဖြစ်ပွားခဲ့ရာ ငွေကျပ်သိန်း(၂၀၀) ယူဆောင်သွားကြောင်း သိရပြီး ဘဏ်ဓါးပြတိုက်သူစီးနင်းလာသည့် မော်တော်ယာဉ်အား ညနေ ၅ နာရီ ခွဲခန့်တွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ် ဖျားနာကုဆေးခန်း Fever Clinic (အခမဲ့ဆေးခန်း)ကို လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ၌ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ၌ ဖျားနာကုသဆေးခန်း(Fever Clinic)၊ (အခမဲ့ဆေးခန်း) ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် အဆိုပါလူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပသည်။ 

ကျိုင်းတုံ၌ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်အထက်နှင့် (၈၅)နှစ်အောက် သက်ကြီးရွယ်အိုများနှင့် ပထမအကြိမ်ထောက်ပံ့မှုတွင် အမည်စာရင်း မပါရှိသည့်မသန်စွမ်းသူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ တာဝန်ရှိသူများက ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီက ပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံဘက်က ကိုဗစ်-၁၉ရောဂါရှာဖွေရေးစက်နှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုပိုးတွေ့လူနာများကို လျင်မြန်စွာ သိရှိပြီး ကူစက်ပျံ့ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် ကာလတန်ဖိုး တရုတ်ယွမ် သိန်း(၂၀)ကျော် တန်ဖိုးရှိသည့် ကိုဗစ်-၁၉ရောဂါရှာဖွေရေးစက်နှင့်ဆက်စပ်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံအဝင်/အထွက်ဂိတ်(နန်းတော်ဂိတ်)၌ လာရောက်ပေးအပ်လှူဒါန်းသည်။

ဖယ်ခုံမြို့နယ်၌ နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ဒဏ်ငွေရိုက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး မြို့နယ်အဆင့် အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား ငွေဒဏ်ရိုက်ပြီး နှာခေါင်းစည်း Mask တပ်သည့် အလေ့ အကျင့်ဖြစ်စေရေး ပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီခွဲမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Subscribe to