ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးများ အိမ်တွင်းမှု သက်မွေးဝမ်းကျောင်း ဆောင်ရွက်နိုင်စေရန်အတွက် အဝတ်လျှော်ဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်
ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးများ သက်မွေးဝမ်းကျောင်းမှု အထောက်အကူဖြစ်စေရန်အတွက် တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြင့် ဝင်ငွေရှာဖွေနိုင်စေမည့် အဝတ်လျှော် ဆပ်ပြာရည် ပြုလုပ်နည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။