လပွတ္တာ၌ နိုင်ငံ့ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ တစ်ခုခု ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အချိန်မီဆေးကုသမှု ခံယူရန် အသိပေး

လပွတ္တာ  အောက်တိုဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ခရိုင်ကျန်းမာရဦးစီးဌာနမှ (၁၆..၂၀၂၀) ရက်နေ့မှ (၁၉..၂၀၂၀) ရက်နေ့ထိ ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသော ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ဖြစ်စဉ်အပေါ်  ရောဂါလက္ခဏာပြသည့် ဓာတ်ခွဲအတည်ပြုလူနာ (၁၈၂၅)ဦး၏ ရောဂါဗေဒဆိုင်ရာ ဆန်းစစ်ချက်အရ ဖျားခြင်း (၅၈%) အနံမရခြင်း (၅၇%) ချောင်းဆိုးခြင်း (၃၄%) နှာချေခြင်း (၁၃%) အသက်ရှုမဝခြင်း/ မောခြင်း (၁၂%) လည်ချောင်းနာခြင်း (၁၀%) ဖြစ်ပွားကြောင်း တွေရှိရသည့်အပြင် အနံ့၊အရသာ မခံစားရခြင်းမှာသိသာထင်ရှားလာသော ရောဂါလက္ခဏာများ စတင်ခံစားရမှုကို သတိပြုမိသည်နှ့င် နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ခြင်းဆက်သွယ် ဆောင်ရွက်ခြင်းမပြုနိုင်ဘဲ နာရီပိုင်းနောက်ကြလျှင်ပင် မိမိမှတစ်ဆင့် မိမိမိသားစုနှင့် အခြားသူများကိုပါ ရောဂါကူးစက်ခံရစေ နိုင်သဖြင့်  ရုံး/ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ အထူးသဖြင့် အနံ၊ အရသာ ပျောက်ခြင်းဖြစ်ပေါ်လာပါက အချိန်မဆိုင်းဘဲ နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ခြင်းဆက်သွယ် သတင်းပို့နိုင်ပါရန်နှင့် လိုအပ်သည်များ ဆက်လက် ဆောင်ရွက်နိုင်ပါရန် ဧရာဝတီတိုင်းဒေသကြီးနှင့် လပွတ္တာခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဆက်လက်၍ နိုင််ငံ့ဝန်ထမ်းများ  အနံ၊ အရသာ ပျောက်ခြင်းအပါဝင် ကိုဗစ်-၁၉ရောဂါ သံသယ လက္ခဏာတစ်ခုခု ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများတွင် အချိန်မီ ဆေးကုသမှု ခံယူကြရန် နှင့် ချက်ခြင်းဆက်သွယ် သတင်းပို့နိုင်ပါရန် လပွတ္တာခရိုင် အထွေအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ နှိုးဆော်ထားကြောင်း သိရသည်။

ဝင်းကျော်မြင့် (လပွတ္တာခရိုင် ပြန်/ဆက်)