နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နမ့်စန်မြို့မှ ဖြတ်သန်း၍ သက်ဆိုင်ရာ မြို့နယ်အသီးသီးသို့ ဆက်လက်ထွက်ခွာ

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသော နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နံနက် ၇ နာရီ အချိန်တွင် ရောက်ရှိခဲ့ ကြကြောင်း သိရသည်။

မီးဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ သီပေါတွင်ပြုလုပ်

မီးဘေးအန္တရာယ် ကင်းရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်သည် မိသားစုဝင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက သီပေါမြို့မရဲစခန်းတွင် ပြုလုပ်ခဲ့သည်။

ကော့ကရိတ်မြို့နယ်၌ နေအိမ်ပြင်ပထွက်ခွာသူများ နှာခေါင်းစည်းများတပ်ဆင်ရေးစစ်ဆေး

ကော့ကရိတ်မြို့နယ်အတွင်း နေထိုင်ကြသောပြည်သူများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသူများအား နှာခေါင်းစည်းများ တပ်ဆင်ရေး အတွက်စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကော့ကရိတ်မြို့ မီးပွိုင့်လမ်းဆုံတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များကို ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနား ကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ (အ-ထ-က-၁) အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ် အသိပညာပေး အစီအစဉ် Online မှ လွှင့်တင်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်း အတွက် စာကြည့်တိုက်ဖွင့်လှစ်မှုအား ခေတ္တရပ်ဆိုင်းထားခဲ့ပြီး စာကြည့်တိုက်သို့ မလာရောက် နိုင်သော စာဖတ်ပရိသတ်များအတွက် Online Page မှ ပန်းချီ၊ ဆေးရောင်ချယ်၊ စာအုပ် မိတ်ဆက်၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူခေါက်ခြင်းနှင့် Talk Show ဆွေးနွေးပွဲ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ကျုံးဘေးတွင် လမ်းလျှောက်ခြင်း၊ အပမ်းဖြေခြင်း၊ အားကစားပြုလုပ်ခြင်းတို့ မပြုလုပ်ကြရန် အသိပေးကြေညာခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်

မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ ကျုံးပတ်ပတ်လည်တွင် လမ်းလျှောက်ခြင်း၊ အပမ်းဖြေခြင်း၊ အားကစားပြုလုပ်ကြခြင်း စသည်တို့ဖြင့် လူအများတဖြေးဖြေး ပြန်လည်များပြား လာနေခြင်းကြောင့် အသံချဲ့စက်ဖြင့် အသိပေးကြေညာခြင်းနှင့် ကျုံးဘေးပလက်ဖောင်းတစ်လျှောက် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ည၇နာရီအချိန်က စတင်ပြုလုပ် ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ အထူးရဲမိသားစုဝင်တစ်ဦးထံမှ ထပ်မံပိုးတွေ့

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အ.ထ.ကကျောင်းရှိ Community Based Facility Quarantine ၌ ထားရှိထားသော ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူ အထူးရဲမိသားစုဝင်များအား မြို့နယ်ဆရာဝန်ကြီးနှင့်အဖွဲ့က ယမန်နေ့ နံနက်(၁၀)နာရီက Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးခဲ့ရာ၌ မိသားစုဝင်တစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး (Positive) ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် နေအိမ်ပြင်ပထွက်ပါက နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ဆင်ရန် စစ်ဆေးအရေးယူ

ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှု မရှိစေရေး ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာရန်အတွက် အောက်တိုဘာလ (၉)ရက်နေ့မှစတင်ပြီး နေ့စဉ် စစ်ဆေး ကြပ်မတ် အရေးယူ ဆောင်ရွက်ခြင်းပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။
Subscribe to