ဂန့်ဂေါ - ပုလဲ - မုံရွာကားလမ်းတွင် အိမ်ဆောက်ပစ္စည်းတင်သည့် မော်တော်ယာဉ် တစ်စီး တိမ်းမှောက်

ဂန့်ဂေါ- ပုလဲ- မုံရွာကားလမ်း ၈၀/၇ နှင့် ၈၁/၁ ကြား စင်းစယ်ကျေးရွာအနီးတွင် မုံရွာမြို့ဘက်မှ ဂန့်ဂေါ - ဟားခါး မြို့ဘက်သို့ အိမ်ဆောက်ပစ္စည်းများတင်ဆောင်၍ မောင်းနှင်လာသော ဟီးနိုးအပြာရောင်ယာဉ်တစ်စီးသည် ယမန်နေ့ နံနက် ၁၀ နာရီခန့်က တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ အောင်မင်္ဂလာရပ်ကွက်တွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်တားဆီး ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးနှင့်ကြိုတင်တားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်အဖြစ် ရပ်ကွက်ပြည်သူများနှင့်ပူးပေါင်း၍ မီးငြှိမ်းသတ်မှု ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲက အောင်မင်္ဂလာ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး အနီးတွင် ပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ် ပဲမခမ်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျင်းပပြုလုပ်သော ကျေးလက် ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယမန်နေ့ နေ့လယ် (၁)နာရီက ပဲမခမ်းကျေးရွာ အုပ်စု ပဲမခမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။

စိုက်ပျိုးခဲ့သည့်သစ်ပင်များ ရှင်သန်အောင်မြင်စေရေးအတွက် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်

မတ္တရာ ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သစ်တောပြုထိန်းသိမ်းရေးကော်မတီ၏ဦးဆောင်မှုဖြင့် မတ္တရာမြို့နယ် တံငါတောင်ကျေးရွာရှိ တံငါချောင်းဘေးတွင် ၂၀၁၉ ခုနှစ် မိုးရာသီ၌လှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့သည့်သစ်ပင်များ ရှင်သန် အောင်မြင်စေ ရေးအတွက် ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်း ကျင်းပပြုလုပ်ခဲ့သည်။

မိုးမိတ်မြို့တွင် ရှမ်းပြည်နယ်အခြေခံပညာကျောင်းများ ဘေးကင်းစိတ်ချရသော အစားအသောက် ဥပဒေ (မူကြမ်း) မြေယာခွန်ဥပဒေ(မူကြမ်း) တို့နှင့်ပတ်သက်၍ ကော်မတီကြားနာပွဲ ကျင်းပ

မိုးမိတ် ဖေဖော်ဝါရီ ၂ ရက်

အခြေခံပညာကျောင်းများ ဘေးကင်းစိတ်ချရသော အစားအသောက် ဥပဒေ (မူကြမ်း)၊ မြေယာခွန် ဥပဒေ(မူကြမ်း)တို့နှင့်ပတ်သက်၍ ကော်မတီကြားနာပွဲကို  ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မြို့ကျက်သရေဆောင်ခန်းမတွင်တွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပွင့်ဖြူ      ဖေဖော်ဝါရီ      ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် စာဖတ်သူဦးရေတိုးပွားလာစေရန်နှင့် စာပေဖတ်ရှုလေ့လာသည့် အလေ့ အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ ဦးဆောင်၍ စာရေးဆရာ သန်းထွန်း(စကု)၏ “အရှက်နှင့် ကိုယ်ကျင့်သိက္ခာ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၂

ကရင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂ ရက်နေ့ထိ ဘားအံခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နေ့စဉ် နံနက် ၉ နာရီမှစ၍ ကျင်းပခဲ့ပြီး ဌာန၏ လုပ်ငန်း ရည်မှန်းချက်တာဝန်များအား အောင်မြင်စွာကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သော ခရိုင်/ မြို့နယ်/ မြို့ရုံး များအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်း၌ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲကျင်းပ

မိုင်းယောင်း ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် အောင်မင်္ဂလာကျေးရွာ အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများသည် ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက် က ကျေးရွာစာကြည့်တိုက်၌ ကျင်းပသည်။ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲတို့တွင် ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖလား ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့သစ်ရပ်ကွက် မြို့နယ် အားကစားခန်းမ၌ ကျင်းပခဲ့သည်။

Subscribe to