ဒေါပုံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့ နေ့လယ် (၁:၃၀)အချိန်တွင် မြို့နယ်ကော်မရှင် အစည်းအဝေးခန်းမ ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ Primary contact များအတွက်လိုအပ်သည်များ လာရောက်လှူဒါန်း

ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ် မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် အသွားအလာကန့်သတ်စောင့်ကြည့်နေရာများတွင် primary contact များနှင့် စေတနာ့ ဝန်ထမ်းများအတွက်

ပန်းဘဲတန်းမြို့နယ်အတွင်းဖွင့်လှစ်ထားသော  အသွားအလာကန့်သတ်စောင့်ကြည့်နေရာ များသို့ စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်း

ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ မူလတန်းကျောင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများသို့ ကျိုက်ထီးရိုး ဟိန္ဒူမိသားစု ဆီမီး(၅၀၀၀)အဖွဲ့မှ စားသောက်ဖွယ်ရာများ ယမန်နေ့က လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

မြောက်ဥက္ကလာပမြို့နယ် စေတနာရှင် လူမှုဘဝစောင့်ရှောက်ရေးအသင်းရှိ လူနာတင်ယာဉ်ကား အတွက် ကား ဘက်ထရီ တစ်လုံး လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဇ)ရပ်ကွက် စေတနာရှင် လူမှုဘဝစောင့်ရှောက်ရေးအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ လူနာတင်ယာဉ်ကားအတွက် ကား ဘက်ထရီ (၁)လုံးကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က လှူဒါန်းခဲ့ကြောင်း သိရ သည်။

မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ အလှူရှင်များမှ အလှူငွေများနှင့် အခြေခံစားသောက်ကုန်များ  လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်၊ (ဆ)ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် အလုပ်အကိုင်အဆင်မပြေ၍ စားဝတ်နေရေး ခက်ခဲသူများကို အခြေခံစားသောက်ကုန်များလှူဒါန်းနိုင်ရန်နှင့် အ.ထ.က(၁)ကျောင်း Quarantine Centre အတွက် လိုအပ်သည့် နေရာများတွင် သုံးစွဲနိုင်ရန် ရည်ရွယ်၍ အလှူရှင်များက အလှူငွေများနှင့် အခြေခံစားသောက်ကုန်များကို ယမန်နေ့ နံနက်ပိုင်းကစ၍ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ (Quarantine Centre) များ အတွက် အလှူငွေနှင့်  ထမင်းဘူးများလှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများတွင် အသုံးပြုရန်နှင့်  အသွားအလာကန့် သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက်

ပန်းဘဲတန်းမြို့နယ်တွင် ကြိုတင်မဲပုံးများအလွတ်ဖြစ်ကြောင်း နိုင်ငံရေးပါတီ ကိုယ်စားလှယ်များရှေ့တွင် လုံခြုံရေးကြိုးချိတ်ပိတ်တပ်ဆင်

ပန်းဘဲတန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များရှေ့ တွင် ကြိုတင်မဲပုံးများ အလွတ်ဖြစ်ကြောင်း ပြသပြီးချိတ်ပိတ်တပ်ဆင်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်၌ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကျေးရွာ (၂) ရွာ လျှပ်စစ်မီးရရှိ

ကရင်ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာများမီးလင်းရေး အတွက် ဆောင်ရွက်လျက်ရှိရာ တံတားဦးကျေးရွာ၊ ကော့ခိုက် ကျေးရွာတို့တွင် လျှပ်စစ်မီး ရရှိခဲ့ကြောင်း သိရသည်။

We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့မှ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၆၉)ကျောင်း အတွက် အခြေခံစားသောက်ကုန်များ လိုက်လံလှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဆွမ်းကိစ္စများတွင် အခက်အခဲများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့မှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၆၉) ကျောင်းသို့ အခြေခံစားသောက် ကုန်များကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ လိုက်လံလှူဒါန်း ခဲ့ကြောင်း သိရသည်။
Subscribe to