လှိုင်းဘွဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများအတွက် နိုင်ငံတော်မှ ပေးအပ်ချီးမြင့်သည့် နေ့တွက်စရိတ်များထုတ်ပေး

လှိုင်းဘွဲ အောက်တိုဘာ ၁၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအတွက် နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည့် နေ့တွက် စရိတ်ထုတ်ပေးခြင်းကို ယမန်နေ့က မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအား ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အမည် စာရင်းပါရှိသော ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ (၁) ရက်နေ့တွင် ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင်စတင်၍ ကပ်ထားကြေငြာထားလျက်ရှိရာ မဲဆန္ဒရှင်စာရင်းများအား ရေးခြစ်ခြင်း၊ ဆုတ်ဖြဲခြင်း မရှိစေရေးနှင့် လိုအပ်သည့် အချက်အလက် ပုံစံများကို ပြည်သူများ သိရှိနိုင်စေနိုင်ရန် ရှင်းပြဆောင်ရွက် ပေးနိုင်ရေးအတွက် နေ့စဉ် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးတွင် တစ်နေ့လျှင်(၃)ဦးအား တာဝန်ချထား ပေးလျက် ရှိရာ နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည့် နေ့တွက်စရိတ် တစ်ဦးလျှင် တစ်ရက် (၅၀၀၀) ကျပ်နှုန်းဖြင့် မဲရုံပေါင်း (၁၇၆) ရုံအတွက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)