ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင် ရန် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေ့စဉ်စစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီက မြို့မဈေးကြီးအတွင်းနှင့် မြို့လယ်ဗိုလ်ချုပ်လမ်းမ ကြီးပေါ်တွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေအိမ်ပြင်ပက ထွက်လာသူတိုင်းအား နှာခေါင်းစည်း(Mask)တပ်ဆင်လာခြင်းရှိ၊ မရှိ‌ နေ့စဉ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း လက်ကမ်းစာစောင်များကို ကျိုင်းတုံမြို့နယ်၊ အာခါဈေး၌ ယမန်နေ့ ညနေပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ဖြန့်ဝေခဲ့ကြသည်။

မော်လမြိုင်၌ ရဲဝန်ထမ်းအငြိမ်းစားများအား ရိက္ခာ(၄)မျိုးထောက်ပံ့

မွန်ပြည်နယ် မော်လမြိုင်၌ ရဲဝန်ထမ်းအငြိမ်းစားများအား ရိက္ခာ(၄)မျိုးထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကို မွန်ပြည်နယ် ရဲတပ် ဖွဲ့မှူးရုံး ရာမညဇာနည်ခန်းမ၌ ယမန်နေ့ ညနေပိုင်း၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

မအူပင်ခရိုင် ပန်းတနော်မြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရေသန့်စက်ဆောင်ရွက်မည့် သောင်တန်းကျေးရွာရှိ​မြေနေရာအား ယနေ့နံနက် ၁၀ နာရီကသွားရောက် အတည်ပြုရွေးချယ်ခဲ့ပြီး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။

သန်လျင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား We Love Thanlyin အဖွဲ့က ဦးဆောင်ပြီး ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ သည်။ ကိုဗစ်ကာလ ဆွမ်းကွမ်းအခက်အခဲရှိသော ကျောင်းများ အပါအဝင် ဘုန်းတော်ကြီးကျောင်း (၇၄)ကျောင်း အတွက် တစ်ကျောင်းလျှင် ဆွမ်းဆန်တော်(၂)အိတ်၊ နေကြာဆီ(၃)ပိသာ၊ ခေါက်ဆွဲ ခြောက်(၂)ဖာ၊ ငါးသေတ္တာ(၂)ပါကင်၊ ကုလားပဲဆန်(၂)ပိဿာ၊

ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေသုံးသောင်းကျပ် ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ် ပြည့်ပြီး သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ သုံးသောင်းကျပ်ကို အိမ်တိုင်ရာအရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်လံမြို့တွင် ကြက်သားပေါက်များအား လျှပ်စစ်မီးလုံးဖြင့် အပူပေးရာမှ အပူလွန်ကဲ၍ ကြက်ခြံ ကိုးခြံမီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် ယနေ့နံနက် (၄) နာရီခွဲ အချိန်ခန့်က အောင်လံမြို့ ရွာထောင်ရပ်ကွက်ရှိ ကြက်မွေးမြူရေးခြံ၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၃)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ် ဆောင်ရွက်ခဲ့သည်။

မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ်စက်ဝန်းအတွက် ချေးငွေများ ပြန်လည်ထုတ်ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကသာမြို့နယ်၊ ကျန်တောအုပ်စု၊ အောင်ပုံမြစိမ်းရောင် စီမံကိန်းကျေးရွာ၌ ကိုဗစ်-၁၉ ကာလ အတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်အတွက် မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ်စက်ဝန်းအတွက် ချေးငွေများကို ယမန်နေ့က အဆိုပါ ကျေးရွာသို့ သွားရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂) ရှိသူများအတွက် ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါ ချို့ယွင်းမှု အဆင့်(၂)ရှိသူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ လူမှုဝန် ထမ်းဦစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အနာ ကြီးရောဂါ တိုက်ဖျက်ရေး ဌာနမှ တစ်ဆင့် သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနများရှိ တာဝန်ခံ ကျန်းမာရေး ဝန်ထမ်းများထံသို့ ယမန်နေ့ က ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to