ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့်အဖွဲ့ ရွှေကူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်၊ အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့ ညနေ ၃ နာရီက ရွှေကူမြို့နယ်သို့ ရောက်ရှိခဲ့ပြီး မံဝိန်းကျေးရွာအုပ်စု၊ တုံးကောက်ကျေးရွာ တောင်သူဦးချိုအေး၏ ဆောင်းပဲမျိုးစုံ စံပြစိုက်ကွက်တွင် စိုက်ပျိုးထားသော သီးနှံအခြေအနေများအား ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။