မိုင်းယန်းမြို့၌ (CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက်အား အထွက်တိုးနှုန်းတိုင်းတာခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု ယန်းခိုင်ကျေးရွာ၌ တာဝန်ရှိသူများက(CERP)အစီအစဉ်ဖြင့်ဆောင်ရွက်သောမိုးစပါးမျိုးစေ့ထုတ် တောင်သူဦးအိုက်ပြန့် စံပြစိုက်ကွက်၏ အထွက်တိုးနှုန်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းတိုင်းတာခဲ့ကြသည်။

ကွတ်ခိုင်မြို့၌ အသက်(၅)နှစ်အောက် ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်(၅)နှစ်အောက် ကလေးများကို ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ပုံမှန်ကာကွယ်ဆေးတိုက်ခြင်းနှင့် ဆေးထိုးခြင်း တို့ကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်‌ပေးသည်။

ကွတ်ခိုင်မြို့၌ ကိုဗစ်-၁၉ရောဂါအ‌ကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံ ပြည်သူများ သိရှိလိုက်နာစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် စာစောင်များကိုကွတ်ခိုင်မြို့၊ အလက(၃)ကျောင်းရှေ့(လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးဘေး)ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြသထားသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက်ကွင်းဆင်း၍ အသိပညာပေး လိုက်လံနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်နိုင်ရေးအတွက် ပြည်သူများ သိရှိစေရန် အသိပညာပေးနှိုးဆော်ခြင်းကို‌ ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်တွင် အသံချဲ့စက်ဖြင့် လိုက်လံအသိ ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကွမ်းလုံမြို့နယ်တွင် မဲရုံမှူးနှင့် ဒုမဲရုံမှူး သင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်စေရန်အတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူး သင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့၌ စံမညီဆေးဝါးရောင်းချမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါး ရောင်းချမှုမရှိစေရေးအတွက် မြို့နယ်လက်ထောက်ကျန်းမာရေးမှူးနှင့်အဖွဲ့မှ ယနေ့ နံနက် (၁ဝ) နာရီအချိန် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့်ကော်မတီမှ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသော ပြည်သူများအား နေ့လယ်စာသွားရောက်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့်ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို ဦးဆောင်၍ ပညာရေးကောလိပ် Quarantine Center တွင် ထားရှိရာ နေရပ်ပြန်ရန် အခက်အခဲရှိနေသော ပြည်သူလူထု စုစုပေါင်း(၁၃၂)ဦးစာအတွက် ငွေကျပ်(၃)သိန်းတန်ဖိုးရှိ ထမင်းဗူး၊ အချိုရည်၊ ရေသန့်များကို ယနေ့နံနက် (၁၁)နာရီခွဲအချိန် က သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်၌၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ် အတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက် လုပ်ငန်းတာဝန် ပေးအပ်ပွဲအခမ်းအနားကိုယနေ့နံနက် ၉နာရီခွဲ အချိန်က ငဖဲမြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်သည်။

ရွာငံမြို့နယ် ဆင်နက်ချောင်ကျေးရွာသို့ အမှိုက်သိမ်းယာဉ် ပေးအပ်လှူဒါန်း

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆင်နက်ချောင်ကျေးရွာသို့ တပ်မတော် ကြည်း၊ ရေ၊ လေမှ လှူဒါန်းသည့် အမှိုက်သိမ်းယာဉ် ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန် က အဆိုပါကျေးရွာရှိ ထူးထက်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to