ပင်လောင်း အောက်တိုဘာ ၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံသို့ မဲရုံတွင် အသုံးပြုမည့် မဲပုံး၊ ဆန္ဒပြုခန်းနှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်း က မြို့နယ်ဘက်စုံသုံးခန်းမ၌ ထုတ်ပေးခဲ့သည်။
ပင်လောင်းမြို့တွင် ရပ်ကွက်(၁၀)ရပ်ကွက်၊ ပေါင်းလောင်းမြို့တွင် (၆)ရပ်ကွက်၊ နောင်တရား မြို့တွင် (၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၅)အုပ်စု၊ ကျေးရွာပေါင်း (၄၃၂)ရွာရှိပြီး ပင်လောင်းမြို့နယ်တွင် အမှတ်(၁)(၂) မဲဆန္ဒနယ်နှစ်ခုဖြင့် မဲရုံ (၁၄၃)ရုံရှိရာ ဒုတိယအကြိမ် မဲဆန္ဒရှင်မည်စာရင်း ကပ်ထားကြေညာချက်တွင် စုစုပေါင်းမဲဆန္ဒရှင် ၁၃၁၀၇၈ ဦးရှိကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)