ရေနံချောင်း အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူရှင်များက ငွေကျပ် ၆ သိန်းတန်းဖိုးရှိ Oxygen Concentrator တစ်လုံးအပါအဝင် လိုအပ်သောဆေးရုံသုံးပစ္စည်းများကို ယမန်နေ့က မြို့နယ် ဆရာဝန်ကြီးထံသို့ လှူဒါန်းခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း သတင်းမှန်ပြန်ကြားရေးဆပ်ကော်မတီမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူရှင်များဖြစ်သည့် ရန်ကုန်မြို့ Myanmar Children Focus အဖွဲ့က Oxygen Concentrator တစ်လုံး၊ PPE ဝတ်စုံ ၂၀၊ Surgical Mask ၂၀၀ ခု၊ KN(95) Mask ၂၀၀ ခု၊ Hand Sanitizer ၃ ဘူး၊ Surgical Cap ၂၀၀ ခု၊ ရန်ကုန်မြို့ Victoria University College၊ မကွေးမြို့ ဦးစိုးမင်းထွန်းနှင့်ဇနီးဒေါ်သီရိကို မိသားစုနှင့် ရေနံချောင်းမြို့ အောင်ရတနာ မိသားစုတို့က PPE ဝတ်စုံ ၃၅ စုံ၊ KN(95) Mask ၁၈၀၀ ခု၊ Oximeter ၅ ခု၊ Blood Glucose Monitoring System ၁ ခုတို့အား အလှူရှင်များကိုယ်စား ဦးစိုးညွှန့်(အဖြူရောင်တွဲလက်ညီအကိုများပရဟိတအဖွဲ့)မှ လှူဒါန်းရာ မြို့နယ်ဆရာဝန် ကြီးဒေါက်တာဆန်းထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင် သိရသည်။
ကိုစိုးကြီး