လေးမျက်နှာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ကျေးရွာ များအား ကွင်းဆင်းစစ်ဆေး

လေးမျက်နှာ  အောက်တိုဘာ  ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ကာလ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများအပေါ် ကုစားပေးနိုင်ရန်အတွက် (CERP)အရ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း‌(VRFP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာနှစ်ရွာအား ယနေ့နံနက် နာရီတွင် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် Covid-19 Economic Relief Plan (CERP)အရ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက် နိုင်စေရန်အတွက် (VRFP) စီမံကိန်းဝင်ကျေးရွာ(၁၀)ရွာအား စီမံကိန်းရန်ပုံငွေ ကျပ်သိန်းပေါင်း (၂၈၀၀)ကို ထုတ်ချေးပေးခဲ့ပြီး ဖြစ်ကြောင်း၊ စီမံကိန်းဝင်ကျေးရွာများ အနေဖြင့် မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း ခရိုင်ကျေး/လက် ဦးစီးမှူးထံမှ သိရသည်။

အဆိုပါ စီမံကိန်းရန်ပုံငွေဖြင့် ခမောက်စုကျေးရွာအုပ်စု၊ မရမ်းအိုင်ကျေးရွာတွင် ဆောင်ရွက် လျက်ရှိသည့်  စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေးဝမ်းကြောင်းလုပ်ငန်း၊ အရောင်းအဝယ် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့် ဝန်ထမ်းများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)