ရန်ကုန် အောက်တိုဘာ ၁၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အ.ထ.က(၁) ကျောင်း၌ ဖွင့်လှစ်ထားသည့် အနံ့ ပျောက်သူများအား အသွားအလာကန့်သတ် စောင့်ကြည့်ထားသည့် Anosmia Centre တွင် Quarantine ဝင်ရောက်နေသူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Diagnosis Test Kit များဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများမှ လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် Anosmia Quarantine Centre တွင် အသွားအလာကန့်သတ်ထားသူ (၁၄) ဦးအား Rapid Diagnosis Test Kit များဖြင့် ကိုဗစ်-၁၉ ရောဂါပိုးအား စစ်ဆေးခဲ့ရာ (၃) ဦးတွင်သာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန်(၁၁)ဦး တွင် ရောဂါပိုးမတွေ့ရှိရသဖြင့် Negative အဖြေထွက်သူ များအား မိမိတို့နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးပြီး Home Quarantine တစ်ပတ်ဆက်လက် နေထိုင်ရေးနှင့် ရောဂါပိုးတွေ့ရှိသူ(၃)ဦးအား ရောဂါဆက်လက်ကုသနိုင်ရေးတို့ကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)