ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ လေးဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်

ချင်းရွှေဟော် အောက်တိုဘာ ၁၆

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှ  ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ က ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ညနေ (၆)နာရီ အချိန် က နေရပ်ပြန်ပြည်သူ (၄)ဦးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ (၄)ဦးမှာ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၃)ဦး တို့ ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ (၁)ဦး၊ မြောက်ဥက္ကလာပမြို့နယ်မှ (၂)ဦး နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်မှ (၁)ဦးတို့ဖြစ်သည်။

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား   စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၈၅၈၇)ဦးနှင့် အမျိုးသမီး (၆၉၄၉)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန် ပြည်သူ (၁၅၅၃၆)ဦး တို့ကို လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)