WE LOVE YANGON အဖွဲ့မှ မရမ်းကုန်းမြို့နယ်အတွင်း ဆွမ်းဆန်အခက်အခဲရှိသော ဘုန်းတော်ကြီး ကျောင်း (၃၂)​ကျောင်းသို့ ဆွမ်းဆန်များ လာရောက်လှူဒါန်း

မရမ်းကုန်း အောက်တိုဘာ ၁၆

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆွမ်းဆန်အခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း များသို့ WE LOVE YANGON အဖွဲ့မှ လိုက်လံလှူဒါန်းလျက်ရှိရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်း မြို့နယ်အတွင်းရှိ ဆွမ်းဆန်အခက်အခဲ ဖြစ်နေသည့် ဘုန်းတော်ကြီးကျောင်း (၃၂)ကျောင်းသို့ ယမန်နေ့ မွန်းလွဲပိုင်းက ဆွမ်းဆန်များ လာရောက်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းသည့် ပစ္စည်းများမှာ ဆန်၊ ဆီ၊ ငါးသေတ္တာဘူး ခေါက်ဆွဲ ခြောက်လက်က်၊ ကုလားပဲ၊ လက်ဘက်ရည်ထုပ် အစရှိသည့်တို့ဖြစ်ပြီး အဆိုပါလှူဖွယ်ပစ္စည်းများ အား သက်ဆိုင်ရာကျောင်းတိုက်အသီးသီးတို့ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အေးအေးအောင် (ပြန်/ဆက်)