လှိုင်းဘွဲ အောက်တိုဘာ ၁၆
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ(၁)ရက်နေ့မှ(၁၄)ရက်နေ့အထိ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာပေးပြီး ဖြစ်ပါသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပေးသည့် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄) ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ စုစုပေါင်း(၄၃၄၇၂)ဦးရှိပြီး မိမိအမည် ပါဝင်ခြင်းမရှိပါက တောင်းဆိုလွှာ ပုံစံ(၃)ဖြင့် လာရောက် လျှောက်ထားသူ(၁၄၆၉)ဦး၊ မဲစာရင်း ပါအမည်နှင့် အခြားအချက် အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာ ပုံစံ(၄)ဖြင့် လာရောက်လျှောက်ထားသူ(၃၈၆)ဦး၊ ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ (၇၈၇)ဦးတို့အား ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)