ခန္တီးမြို့နယ် စည်ပင်သာယာရေးကော်မတီက အမှိူက်ကျင်းရှင်းလင်းခြင်း၊ အမှိုက်ကျင်းတူးခြင်းနှင့် အမှိူက်ကွင်း လမ်းဖောက်ခြင်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်စည်ပင်သာယာရေး ကော်မတီက မြို့တွင်းအမှိုက်များစွန့်ပစ်ရန် သတ်မှတ်ထားသည့် အမှိူက်ကျင်းအား အနံ့ အသက်ကင်း၍ ယင်ကောင်များမရှိစေရေးအတွက် အမှိူက်ကျင်းရှင်းလင်းခြင်း၊ ဆေးရုံဆေးခန်းသုံး အမှိုက်များနှင့် Community Based Facility Quarantine မှ ထွက်ရှိသော အမှိူက်များအား မီးရှို့ဖျက်စီးနိုင်ရေးအတွက် မြေကျင်း တူးခြင်းနှင့် အမှိူက်ကွင်းလမ်းဖောက်ခြင်းတို့ကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြီးစီးသွား မည်ဖြစ်ကြောင်း ခန္တီးမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကွတ်ခိုင်မြို့သို့ ရောက်ရှိလာသည့် မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများထံသို့ ခွဲဝေပေးအပ်သွားမည်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့် မဲရုံသုံး ပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ရောက်ရှိရာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲများထံသို့ ဖြန့်ဝေပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ စေတနာရှင်ပြည်သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူ‌ငွေများ လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် စေတနာရှင်ပြည်သူများက အလှူငွေများ လာရောက် လှူဒါန်း လျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသသည့် လူနာများအသုံးပြုရန် အောက်စီဂျင်နှင့် အသက်ရှူစက်များလှူဒါန်း

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ကုတင်(၁၀၀)ဆန့် ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသလျက်ရှိသည့် (သာမန်)လူနာများအသုံးပြုရန် အောက်စီဂျင်စက်နှင့် အသက်ရှူစက်များကို မြို့နယ်စည်ပင်သာယာရေးကော်မတီ က ယမန်နေ့နံနက်(၁၀) နာရီအချိန် က ပေးအပ်လှူဒါန်းသည်။

မူဆယ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများသည် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော “ဒီမိုကရေစီရှင်သန်ဖို့ မသန်ပေမယ့်စွမ်းသူများ အားလုံးမဲပေးကြစို့” နှင့် “မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ” ပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို မြို့လယ်မီးပွိုင့်၊ ရထိုက်လမ်းစုံနှင့် ဟိုမွန်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအနီးတို့တွင် ယမန်နေ့ညနေပိုင်း အချိန် က ဖြန့်ဝေဆောင်ရွက်ခဲ့ကြသည်။

ယင်းမာပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး

မိုင်းဖြတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များ ပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အများပြည်သူများ အလွယ်တကူလေ့လာဖတ်ရှုနိုင်စေရေးအတွက် ယနေ့နံနက် ၉နာရီအချိန်ခန့် က ခင်းကျင်းပြသခဲ့သည်။

အလုံမြို့နယ် အသွားအလာကန့်သတ်​စောင့်ကြည့်စင်တာ (Quarantine Centre) များအတွက် ညနေစာ ထမင်းဘူး(၁၅၀)ဘူးနှင့် ​ဆောက်စီဂျင်တိုင်းစက်(၅)ဘူး လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာများတွင် အသုံးပြုရန်နှင့် အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်​နေ့က ​ည​နေစာထမင်းဘူးနှင့်​​အောက်စီဂျင်းတိုင်းစက်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မန့်ဟီးရိုးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ အမှတ်(၁)ရပ်ကွက်အတွင်း ရှမ်းဘာသာဖြင့်ရေးသားထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးဗီနိုင်းဆိုင်း ဘုတ်များကပ်ထားခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဝေငှခြင်းတို့ကို ယနေ့နံနက်(၁၁)နာရီ အချိန် က ဆောင်ရွက်သည်။

မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူလူများ အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်ပြီး ယနေ့၊ နံနက်(၉)နာရီ အချိန်ခန့်က မြို့ရုံးရှေ့၌ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ဆောင်ရွက်သည်။
Subscribe to