သရက် အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ တွင် အသုံးပြုရန်အတွက် စေတနာရှင် များမှ အလှူငွေများ နေ့စဉ်လှူဒါန်းလျက်ရှိရာ ယမန်နေ့ ညနေ (၄)နာရီ က သရက်မြို့ပြည်သူ့ဆေးရုံတွင် အလှူငွေပေးအပ်ပွဲပြု လုပ်ခဲ့သည်။
အဆိုပါ လှူဒါန်းပွဲတွင် သရက်ခရိုင်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဒေါက်တာ တင်ထူးလှိုင် ( သားဖွားမီးယပ် ဆရာဝန်) မှ ငွေကျပ် (၁) သိန်း၊ ရွှေသူရိန်မိသားစုမှ ငွေကျပ် (၁) သိန်း၊ ဒေါ်ခင်မြိုင်မိသားစုမှ ငွေကျပ် (၁) သိန်း၊ ကြာကန်ကျေးရွာ ကျန်းမာရေးမိသားစုမှ ငွေကျပ် (၅)သောင်း၊ ရတနာမိုးရွှေဆိုင်မှ ငွေကျပ် (၅)သောင်း၊ ဦးတင်မောင်ဝင်းမိသားစုမှ ငွေကျပ် (၃) သောင်းနှင့် ဦးအေးမောင်မိသားစုမှ ငွေကျပ် (၃)သောင်း တို့ကိုပေးအပ်လှူဒါန်းခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင်က လက်ခံရယူခဲ့ပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်၍ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း (အောင်လံ)