တောင်သာမြို့နယ် ကျောက်ချောဂိတ်မှ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ အား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိစစ်ဆေး

တောင်သာ အောက်တိုဘာ ၁၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျောက်ချောစစ်ဆေးရေးဂိတ်တွင်   Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ Test Kit ဖြင်ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးရာတွင် တောင်သာမြို့နယ်   ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှဦးဆောင်၍  တစ်ဦးလျှင်ကျပ်(၁၀၀၀၀)ဖြင့် စစ်ဆေးဆောင်ရွက် လျက်ရှိသည်။အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ    မန္တလေးတိုင်းဒေသကြီးဘက်သို့ဝင်ရောက်လာပြီး   တောင်သာ မြို့တွင်းသို့  ဖြတ်သန်းဝင်/ထွက်သွားလာမည့် ကုန်တင်ယာဉ်များ၊ အခြားဒေသမှ ထွက်ခွာလာ သည့် ကုန်တင် ယာဉ်များမှ ကျန်းမာရေးစစ်ဆေးချက်ပါရှိသည့်  ယာဉ်များကို  ဆက်လက်ထွက်ခွင့်ပြုခဲ့ပြီး    စစ်ဆေး ချက်မပါရှိသည့်ယာဉ် (၃၁)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၅၈)ဦးအား စစ်ဆေးခဲ့ရာယနေ့ အဖြေအားလုံးမှာ (Negative)ရောဂါပိုး မရှိ စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
တောင်သာမြို့နယ်၌ အဆိုပါ Test Kit ဖြင့်စစ်ဆေးခြင်းကို အောက်တိုဘာလ(၁၁)ရက်နေ့မှ ယနေ့အထိ ကုန်တင်ယာဉ်(၁၁၉)စီး၏ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်(၂၀၂)ဦးကို စစ်ဆေး ပေးခဲ့ပြီး(၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)