စဉ့်ကူးမြို့နယ်၌ နွေနှမ်းစံပြကွက် စိုက်စက်ဖြင့် စိုက်ပျိုးခြင်း တောင်သူကွင်းသရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၌ ADSP စီမံကိန်းကူညီပံ့ပိုးမှုနှင့် နွေနှမ်းစံပြကွက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း တောင်သူကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီက လက်ပန်လှကျေးရွာအုပ်စု၊ တောင်သူ ဦးခင်မောင်အေး၏ ကွင်းအမှတ် ၃၁/ဃ၊ ဦးပိုင်အမှတ် ၃၈ ရှိ (၂)ဧက စိုက်ကွက်တွင် ကျင်းပပြုလုပ်ရာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်နှင့် ဝန်ထမ်းများ၊ မာလဲ၊ နတ်တောင်၊ လက်ပန်လှကျေးရွာအုပ်စုများမှ နွေနှမ်းစိုက်တောင်သူများ တက်ရောက်ကြသည်။

ကံမမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပ‌ဒေ အသိပညာပေးဆွေးနွေးပွဲနှင့် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ယနေ့နံနက်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပ‌ဒေ အသိပညာပေးဆွေးနွေးပွဲနှင့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြ သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် နွေရာသီ အားကစားသင်တန်းများ ဖွင့်မည်

နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များ အားကစားတွင် စိတ်ပါဝင်စားမှုရှိစေရန် ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ မြို့နယ် အားကစားခန်းမနှင့် မသန်စွမ်း အားကစား ကွင်းတို့တွင် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှအသိပညာ ဗဟုသုတများရရှိစေရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် Book Club Woman Club Youth Club တို့နှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ အသိပညာ ဗဟုသုတများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို အဆိုပါ ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က ဒေါက်တာနေဇင်လတ် ရေးသားသည့် "ပညာခေတ်ဖြင့် မြင့်မားသော စံချိန်" စာအုပ်ဖြင့် ကျင်းပပြုလုပ်သည်။

တောင်တွင်းကြီးမြို့နယ် ကွမ်းခြံစုကျေးရွာတွင် ပြည်သူ့၀န်ဆောင်မှုရုံး (OSS) ရွေ့လျား ၀န်ဆောင်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကွမ်းခြံစုကျေးရွာတွင် ပြည်သူ့၀န်ဆောင်မှုရုံး (OSS) ရွေ့လျား၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက ကွမ်းခြံစုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

ပြည်တက္ကသိုလ်တွင် ဒုတိအကြိမ်မြောက်ကျင်းပသည့် ကျောင်းတွင်းသင်္ကြန်၌ ကျောင်းသား၊ ကျောင်းသူများဖြင့် အထူးစည်ကားလျက်ရှိ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ပြည်တက္ကသိုလ်တွင် ယနေ့ နံနက် ၈ နာရီက စတင်ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကျောင်းတွင်းသင်္ကြန်၌ ကျောင်းသား၊ ကျောင်းသူများဖြင့် အထူး စည်ကားလျက်ရှိကြောင်း သိရသည်။

ပြည်မြို့နယ် မိန်းမရဲကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

ပြည်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော “ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ” ပြည်သူ့စကားဝိုင်း (Public Talk) ကို မြွေရိုးကျေးရွာအုပ်စု၊ မိန်းမရဲကျေးရွာ ဘုန်းတော်ကြီးကျောင်း သာသနာ့ရောင်ခြည် ဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပသည်။

နတ်မောက်မြို့နယ် နကျားထူးကျေးရွာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲကျင်းပ

မကေွးတိုင်းဒေသကြီး နတ်မောက်မြို့နယ် နကျားထူးကျေးရွာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၁၁) နာရီက နကျားထူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပနေစဉ် ကာလအတွင်း မီးလောင်မှု/ မီးလန့်မှု မဖြစ်စေရေး ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပနေစဉ် ကာလအတွင်း မီးလောင်မှု/မီးလန့်မှု မဖြစ်စေရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူး(စကု)မြို့နယ် ရွာသာယာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိုးနဲမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေလူငယ်များ အသက်မွေးဝမ်းကျောင်းမှု အထောက်အကူဖြစ်စေရန် နည်းပညာနှင့် အတတ်ပညာများရရှိပြီး တစ်ဦးချင်း၀င်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်အတွက် ဆိုင်ကယ်ပြင်သင်တန်းကို ဖေဖော်ဝါရီ ၁၀ ရက်က ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to