ပုံပါကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့ဝင်မြို့ထွက်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်း၊ လူစည်ကားရာနေရာ များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း Mask မတပ်ဆင်ပါက အခုဝယ်အခုတပ်စနစ်ဖြင့် စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အတွင်း နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိဘဲ ဝင်ထွက်သွားလာသော ပြည်သူများအား အခုဝယ်အခုတပ် စနစ်ဖြင့် ယနေ့ နံနက် ၇ နာရီအချိန်က ကုန်းခါးရပ်ကွက်၊ လမ်းဆုံပန်းခြံ၌ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မော်လမြိုင်မြို့နယ်တွင် (ဒုတိယအကြိမ်) ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်း လာရောက် ကြည့်ရှုသူ ၁၇၀၀၀ ကျော်ရှိ

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် (ဒုတိယအကြိမ်) မဲဆန္ဒရှင်ပြည်သူစာရင်းများကို မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကပ်ထားဆောင်ရွက်ထား ရှိရာ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ ၁၇၀၆၉ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲထံမှ သိရသည်။

လေးမျက်နှာမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က လေးမျက်နှာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လဲချားမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကျိုက်မ​ရောမြို့နယ်တွင် အသက် ၆၀ နှင့်အထက် ကြိုတင်ဆန္ဒမဲ ပေးမည့် မဲဆန္ဒရှင်များနှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်းနှင့် မြို့နယ် ကြိုတင်မဲပုံးအတွင်း မဲလက်မှတ် ထည့်သွင်းခြင်း​ဆောင်ရွက်

ကျိုက်မ​ရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အ​ထွေထွေ​ရွေး​ကောက်ပွဲအတွက် အသက် ၆၀နှစ် အထက် ကြိုတင်မဲ​ပေးမည့် မဲဆန္ဒရှင်များနှင့် စပ်လျဉ်း၍ ကြိုတင်မဲထည့်ခြင်းဆိုင်ရာများအား ရှင်းလင်း​​ဆွေး​နွေးပွဲကို ယမန်နေ့ ၁၁ နာရီခန့်က မြို့နယ်​​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပျဉ်းမြို့၌ Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် အပြစ်ဒဏ်ငွေပေးဆောင်ခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ Mask တပ်ဆင် သွား လာရေး အသိပညာပေးခြင်းနှင့် အပြစ်ဒဏ်ငွေ ပေးဆောင်စေခြင်းတို့ကို တာဝန်ရှိသူများက အဖွဲ့များခွဲ၍ ယမန်နေ့နေ့ နံနက်ပိုင်း မှစ၍ မိုင်းပျဉ်းမြို့မဈေး၊ လူစည်ကားရာ မြို့တွင်းလမ်းဆုံနှင့် မြို့အဝင်အထွက်စစ်ဆေး ရေးဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။

အင်္ဂပူမြို့နယ်၌ Community Based Facility Quaratine Centre များသို့ ထမင်းထုတ်နှင့် ဖြည့်စွက် အဟာရများလှူဒါန်း

အင်္ဂပူမြို့နယ်အတွင်းရှိ Community Based Facility Quaratine Centre များသို့ ယမန်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ နေ့လည်စာ ထမင်းထုတ် နှင့် ဖြည့်စွက်စာများလှူဒါန်းခဲ့ကြောင်းသိရသည်။
Subscribe to