ကလေးခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များအတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပ
ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်း ကြိုကျောင်းတို့ပူးပေါင်း၍ ကလေးငယ်များစာကြည့်တိုက်အကြောင်းသိရှိစေရန်နှင့် စာကြည့်တိုက် ကို အသုံးပြုတတ်သည့် အလေ့အကျင့်ကောင်းများကို ငယ်စဉ်ကတည်းက သိရှိစေရေး ရည်ရွယ်၍ ပျော်ပွဲရွှင်ပွဲများကျင်းပပေးခြင်းနှင့် ကလေးစာပေစာအုပ်ပြပွဲတို့ကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။