သီပေါမြို့နယ်၌ ကြိုတင်ဆန္ဒမဲပုံးများကို လုံခြုံရေးကြိုးဖြင့် တပ်ဆင်ချိတ်ပိတ်ခြင်း ပြုလုပ်ဆောင်ရွက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်ရာတွင် ကြိုတွင်ဆန္ဒမဲလက်မှတ်များကို အဆင်သင့်ထည့်သွင်း အသုံးပြုသွားနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုးဖြင့် တပ်ဆင်ချိတ်ပိတ်ခြင်းကို အောက်တိုဘာ ၁၇ ရက်နေ့ နံနက် (၁၁)နာရီခွဲအချိန် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။