ပါလောပါကယ်ကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွား (၂၁)ဦးတို့အား အိမ်တိုင်ရာအရောက် ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး (၈၅)နှစ် တင်းတင်းမပြည့်သေးသည့် သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများကို အောက်တိုဘာ ၁၇ ရက်နေ့က ပါလောပါကယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၀)ရွာမှ သက်ကြီးဘိုးဘွား (၂၁)ဦး တို့အား အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံများပြသ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား ကြည့်ရှုလေ့လာမှတ်သားနိုင်စေဖို့အတွက် ရုံးရှေ့ရှိမြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးများနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာသိမှတ်စရာများကို ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့်အတူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် တိုက်ပွဲရှောင်ကော်မတီမှ တာဝန်ရှိသူများ လိုက်ပါ၍ အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က နောင်ပိန်ကျေးရွာ၌ ကျောက်မဲမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၁၄ စုရှိ လူဦးရေ ၃၄၄၀ ဦးအတွက် ‌စားနပ်ရိက္ခာ များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာလ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၈၀) ဦးတို့အား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင်နှင့် စားသောက်ရေး အခက်အခဲများ ဖြစ်နေသော မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၈၀)ဦးတို့အား လတ်တလော စားသောက်ရေး အဆင်ပြေစေရန် ကျွန်တော်များကမ်းလက် အလှူရှင်များအဖွဲ့မှ စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို အောက်တိုဘာ ၁၇ ရက်နေ့က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်၌ အိတ်ချ်ပီဗီ(HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲ က မြို့နယ်ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပ သည်။

ကန့်ဘလူမြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကျောက်ချောလမ်းခင်းနေမှု ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာအုပ်စု အိုင်ပေါင်း ချောင်ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း SMU ကျေးရွာတွင်းလမ်း မြေနီဂျင်း ကျောက်ချောခင်းနေမှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မောက်မယ်မြို့နယ်၌ လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ်စက်ဝန်းအတွက် ကျေးရွာအုပ်စုအဆင့် ရန်ပုံငွေခွဲဝေခြင်း အစည်းအဝေးကျင်းပ

လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ်စက်ဝန်းအတွက် ကျေးရွာအုပ်စုအဆင့် ရန်ပုံငွေခွဲဝေခြင်း အစည်းအဝေးကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် နမ့်လွတ်ကျေးရွာအုပ်စု နမ့်လွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကျင်းပပြုလုပ်သော မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် အမှတ်(၁၅) အခြေခံပညာ အလယ်တန်းကျောင်း၊ မြို့မကျောင်းဆောင်၌ ပြုလုပ်ခဲ့ သည်။

မူဆယ်မြို့၌ ကျန်းမာရေးညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား အရေးယူဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင်လှစ်ရောင်းချ လျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆိုင်ထိုင်စားသောက်ခြင်းမပြုလုပ်ဘဲ (Take Away) ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ၊ မရှိနှင့် အမိန့်ညွှန်ကြားချက်များကို လိုက်နာမှု ရှိ/မရှိတို့ကို အောက်တိုဘာလ၊ ဒုတိယပတ်မှစတင်၍ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဦးစီးကော်မတီအဖွဲ့ဝင်တို့က လိုက်လံကွင်းဆင်းစစ်ဆေးလျက် ရှိသည်။

မိုင်းငေါ့မြို့တွင် စွမ်းအားမြှင့်မီးဖိုးများ သုံးစွဲခြင်းဆိုင်ရာ သိကောင်းစရာများနှင့် စိုက်ပျိုး သီးနှံများ အထွက်နှုန်း တိုးတက်စေရေး နည်းပညာပေးဆွေးနွေး

စွမ်းအားမြှင့် မီးဖိုးများ သုံးစွဲခြင်းဆိုင်ရာ သိကောင်းစရာများနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက်စေရေး နည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီ အချိန်ခန့်က မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်း၌ ကျင်းပပြုလုပ်ရာ ချုံးကျေးရွာအုပ်စုမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
Subscribe to